ဓာတ်ပုံရိုက်တဲ့အခါမှာ ဦးထုပ်လေးတွေဆောင်းပြီး ရိုက်မယ်ဆိုရင် ပုံထွက်ကောင်းအောင် ဘယ်လိုပို့စ်ပေးရမလဲ မသိတဲ့သူတွေအတွက် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ချစ်ဖို့ကောင်းတဲ့ cute type လေးရိုက်ချင်ရင်တော့ ဒီလိုလေးတွေပို့စ်ပေးပြီး ရိုက်ကြည့်ပါ။

ဘောင်းဘီအရှည်အပွလေးဝတ်ထားပြီး ဦးထုပ်ဆောင်းထားတယ်ဆိုရင်တော့ အိတ်ကပ်နှစ်ဖက်ထဲ လက်ထည့်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ပို့စ်တွေသိပ်မလုပ်တတ်ဘူးဆိုလည်း ဦးထုပ်လေးဆောင်းပြီး ဒီလိုသာထိုင်ပြီး ပို့စ်ပေးလိုက်ပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဦးထုပ်ဆောင်းပြီး ဒီလိုလေးပို့စ်ပေးတာကျတော့ အထာကျတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။

တစ်ကိုယ်လုံးပုံရိုက်မယ်ဆိုရင် ဦးထုပ်ဆောင်းပြီး ဘောင်းဘီရှည်အကျပ်လေးတွေ ဝတ်ထားရင် ဒီလိုလေးတွေပို့စ်ပေးကြည့်ပါ။ အထာကျတဲ့ပုံကောင်းလေးတွေ ထွက်လာပါလိမ့်မယ်။

ဒီပို့စ်လေးဆိုလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ထိုင်ပြီး ပို့စ်ပေးမယ်ဆိုရင် ဒါမျိုးလေးရိုက်ကြည့်ပါ။

အထာကျပြီးမိုက်တာမျိုးလေးကို ထိုင်ပြီးရိုက်မယ်ဆိုရင် ဒီပို့စ်သာပေးပြီးရိုက်ကြည့်ပါ။

ကားပေါ်မှာ ဦးထုပ်လေးဆောင်းပြီး ဒီလိုအထာကျကျ ပို့စ်ပေးလို့ရပါတယ်။

ခရီးသွားတဲ့အခါမှာ ပေါ့ပေါ့ပါးပါးစတိုင်လ်လေးနဲ့ ဦးထုပ်ဆောင်းပြီး ဒီလိုလေးပို့စ်ပေးရင် ချစ်ဖို့ကောင်းပါတယ်။

Bucket ဦးထုပ်လေးတွေကလည်း ဆောင်းလိုက်ရင် အထာကျသလို၊ ချစ်ဖို့လည်း ကောင်းပါတယ်။ အဓိကကတော့ ကိုယ့်ဖက်ရှင်ပေါ်မူတည်ပါတယ်။ အထာကျတဲ့ပုံစံလေးကြိုက်ရင်တော့ ဒီလိုလေးသာပို့စ်ပေးရိုက်ကြည့်ပါ။

Bucket ဦးထုပ်လေးနဲ့ ချစ်ဖို့ကောင်းချင်ရင်တော့ ဒီလိုလေးသာ ပို့စ်ပေးကြည့်ပါ။

တောင်ပေါ်ရှုခင်းလေးတွေနဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် bucket ဦးထုပ်လေးတွေဆောင်းပြီး ရိုက်တာက အရမ်းချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com