လူငယ်ကောင်မလေးတွေအတွက် လူငယ်ဆန်ဆန် ချစ်ဖို့ကောင်းတဲ့ ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အခုခေတ်ကောင်မလေးတွေ စတိုင်လ်မျိုးဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်ဖက်နေမယ့် ပို့စ်လေးတွေပါ။

ပိုက်ဆံအိတ်လေးကိုင်ပြီး ဒီလိုပို့စ်ပေးတာလေးဆိုရင် ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ Snap နည်းနည်းဆန်တာမျိုးလေး ရိုက်ချင်တယ်ဆိုရင် ဒီလိုလေးရိုက်ကြည့်နော်။

ဘယ်လိုနေရမှန်းမသိရင် ဒီလိုလေး ပို့စ်ပေးကြည့်ပါ။ အထူးသဖြင့် နောက်ကျောအလှ အင်္ကျီလေးတွေ ဝတ်တဲ့အခါမှာ ဒီပို့စ်လေးတွေက အရမ်းလှပါတယ်။

ဂါဝန်အရှည်လေးဝတ်ထားတဲ့အခါ ချစ်ဖို့ကောင်းအောင် ဒီလိုလေးထိုင်ရိုက်ကြည့်နော်။ လက်တစ်ဖက်က မေးထောက်ပြီး မျက်စိမှိတ်ကာ ပြုံးနေတဲ့ပုံလေးက ပိုချစ်ဖို့ကောင်းတာကြောင့် မျက်နှာလေးပါ ဒီအတိုင်း Try ကြည့်ပါ။

ကော်ဖီဆိုင်တွေထိုင်ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ခုံမှာထိုင်ရိုက်တဲ့အခါ ချစ်ဖို့ကောင်းတဲ့ ဒီလိုပြောင်ချော်ချော်ပုံလေးလည်း ရိုက်လို့ရပါသေးတယ်။

နောက်တစ်မျိုးဖြစ်တဲ့ ဒီပို့စ်လေးကတော့ ဆွဲဆောင်မှုရှိရှိနဲ့လှတဲ့ ပုံစံမျိုးလေးပါ။

ဒီပုံလေးဆိုလည်း ဆွဲဆောင်မှုရှိပြီးလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ဘယ်လိုစတိုင်လ်မျိုးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ ပို့စ်အိုင်ဒီယာလေးပါ။

ဒီလိုပို့စ်လေးဆိုလည်း လွယ်ကူတဲ့ပို့စ်လေးဖြစ်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ချစ်ဖို့ကောင်းအောင် ထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။

ဘယ်လိုပို့စ်ပေးရမှန်းမသိတော့တဲ့အခါမှာ အရမ်းအသုံးဝင်တဲ့ ပို့စ်လေးပါ။ လူငယ်ဆန်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ထိုင်ရိုက်တဲ့ပို့စ်တွေက ထပ်လာရင် ဒီလိုပုံစံလေးထိုင်ပြီး ပို့စ်ပေးကြည့်နော်။

Photo source:www.pinterest.com