ဆယ်ကျော်သက်ကောင်မလေးတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်း အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ပို့စ်မပေးတတ်လည်း ဒီလိုပို့စ်ပေးနည်းလေးတွေကို ကြည့်ပြီးတော့ လိုက်လုပ်ကြည့်ရင် အဆင်ပြေပြီး ချစ်ဖို့ကောင်းတဲ့ ပုံကောင်းလေးတွေ ထွက်လာမှာပါ။

ဒါကတော့ ပို့စ်မပေးတတ်တဲ့သူတွေအတွက် အသုံးအဝင်ဆုံး ပို့စ်ပါပဲ။ ချစ်ဖို့လည်းကောင်းပါတယ်။

လက်နှစ်ချောင်းထောင်တဲ့ပို့စ်လေးတွေက ဘယ်တော့မှမရိုးပဲ ချစ်ဖို့ကောင်းပါတယ်။ ဒါကြောင့် ထိုင်ပြီးရိုက်ရင် ဒီလိုလေးရိုက်ကြည့်လို့လည်း ရတာပါပဲ။

ဒီပုံလေးမှာဆိုရင် လက်ထားတဲ့ပုံစံနဲ့ မျက်နှာလေးတစ်ဖက်ကိုကြည့်ပြီး ပြုံးနေတာက အသက်ပါပဲ။

အနောက်မှာမှီစရာတစ်ခုခုရှိရင် ဒီပို့စ်လေးကိုသာ Try ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ထိုင်ပြီးရိုက်တဲ့အခါ ချစ်ဖို့ကောင်းသလို ဆယ်ကျော်သက်လေးတွေနဲ့လည်း အလိုက်ဖက်ဆုံးဖြစ်တဲ့ ပို့စ်လေးပါ။

ဒါကတော့ ပို့စ်မပေးတတ်တဲ့သူတွေအတွက် အလွယ်ကူဆုံးပို့စ်ပါပဲ။ မျက်နှာလေးကိုသာ သေချာပြုံးနေရင် ချစ်ဖို့ကောင်းတဲ့ပုံလေး ထွက်လာမှာပါ။

ဒီပို့စ်လေးဆိုရင် လက်ထားတဲ့ပုံစံနဲ့ ခေါင်းလေးစောင်းပြီး ပြုံးနေတဲ့ပုံစံကြောင့် ပိုပြီး ချစ်ဖို့ကောင်းသွားစေပါတယ်။

ခြေထောက်လေးတစ်ဖက်မြှောက်ပြီး ဒီလိုပို့စ်ပေးတာလေးကလည်း ချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။

အနီးကပ်လေးရိုက်မယ်ဆိုရင် ဒီလိုလေးသာ ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီပို့စ်လေးကတော့ ဆယ်ကျော်သက် ကောင်မလေးတွေတင်မဟုတ်ပဲ အားလုံးနဲ့လိုက်ဖက်တဲ့ ပို့စ်လေးပါ။

Photo source:www.pinterest.com