အခုနောက်ပိုင်း မိန်းကလေးတွေကြားမှာ ပန်းရောင်လက်သည်းဒီဇိုင်းတွေက ရေပန်းစားလာတာမလို့ လက်သည်းဆိုးရတာ ဝါသနာပါတဲ့ပျိုမေတို့အတွက် ချစ်ဖို့ကောင်းပြီး မိန်းကလေးဆန်တဲ့ ပန်းရောင်လက်သည်းဒီဇိုင်းများကို ဝေမျှပေးချင်ပါတယ်။

ရှင်းရှင်းလေးကြိုက်တယ်ဆိုရင် ဒီလိုဗြောင်လေးဆိုးကြည့်ပါ။

ဒီလိုအရောင်တောက်တဲ့ ပန်းရောင်လက်သည်းကလည်း မိန်းကလေးအကြိုက်များပါတယ်။

ဗြောင်ကိုမှ လူငယ်ဆန်တာလိုချင်ရင် ဒီလို ဘလင်းလင်းလေးတွေနဲ့ ရောဆိုးလည်းလှပါတယ်။

ဒီလို ပုလဲအပြောင်လေးတွေကလည်း လူငယ်ဆန်တဲ့ပုံစံပါ။

ဘလင်းလင်းလေးတွေပြေးနေတဲ့ ဒီလိုပုံစံကလည်း လူငယ်တွေကြိုက်တဲ့ပုံစံမျိုးပါပဲ။

ဒီလို ပန်းရောင် အနု အရင့်စပ်ဆိုးတာကလည်း အမြင်ဆန်းပြီး လှပါတယ်။

ထိပ်နားမှာဘဲဆိုချင်ရင်တော့ ဒီလိုမျိုးလေးတွေ ဆိုးကြည့်ပါ။

ဒီပုံစံလေးတွေက ချစ်ဖို့ကောင်းတဲ့ပုံစံလေးတွေမလို့ ပန်းချစ်တဲ့ကောင်မလေးတွေအတွက်တော့ ကွက်တိပါ။