ကြောင်ချစ်သူတွေအတွက် ကြောင်လေးတွေနဲ့ ချစ်စရာကောင်းအောင် ဓာတ်ပုံရိုက်နိုင်မယ့် နည်းလမ်းနဲ့ အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေနဲ့ ကြောင်ချစ်သူလေးတွေဆိုရင်တော့ ဒီလိုပုံလေးတွေရအောင် try ကြည့်သင့်ပါတယ်နော်။

ဒီပုံလေးဆိုရင် ကြောင်လေးနဲ့တူတူငေးနေတဲ့ပုံစံလေး ရိုက်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ ရိုက်ရတာက မခက်ပါဘူး။ ကိုယ့်ကြောင်လေး ငြိမ်ဖို့ပဲလိုပါတယ်။

ကြောင်လေးကို ပခုံးပေါ်တင်ပြီး ဒီလိုလေးလည်း ရိုက်လို့ရပါသေးတယ်။ အရမ်းချစ်ဖို့ကောင်းပြီး ခုနကပုံလောက်လည်း လုပ်ရတာသိပ်မခက်ပါဘူးနော်။

ကိုယ့်ကြောင်လေးက ဓာတ်ပုံရိုက်မခံရင်လည်း မခက်ပါဘူး။ ပွေ့ချီထားပြီးသာရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ကြောင်လေးတွေက ပွတ်ပေးရင်အရမ်းကြိုက်ပြီး ငြိမ်နေတတ်တာကြောင့် ဒီလိုပုံစံလေးရိုက်ဖို့ လွယ်ပါတယ်။

ကြောင်လေးနဲ့ ဒီလိုပုံစံလေးရိုက်တာဆိုရင်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ကိုယ့်ကြောင်လေးကမငြိမ်ရင် ဒီလိုလေးတွေသာ ရိုက်ခိုင်းကြည့်ပါ။

ပို့စ်ပေးတတ်တဲ့ကြောင်လေးဖြစ်နေရင် ဒါမှမဟုတ် ငြိမ်နေတတ်တဲ့ကြောင်လေးဆိုရင် ဒီလိုအဂေါ်ပုံစံလေးသာရိုက်ကြည့်ပါ။

ငြိမ်ငြိမ်မနေရင် ဒီလိုသာအတင်းဆွဲခေါ်ပြီး ရိုက်ပစ်ပါ။ ပိုတောင်ချစ်ဖို့ကောင်းပါသေးတယ်။

ကြောင်လေးကိုချီပြီး mirror selfie လည်း ရိုက်ကြည့်ဖို့မမေ့ပါနဲ့။ ဓာတ်ပုံခေါ်ရိုက်လို့မငြိမ်ရင် ချီပြီးတော့သာ mirror selfie ရိုက်ပါ။

ကြောင်လေးကိုပခုံးပေါ်တင်ပြီး ဖက်ထားတဲ့ပုံစံကို ဒီလိုဘေးကနေရိုက်တာမျိုးက အရမ်းကိုချစ်ဖို့ကောင်းပါတယ်။ ဒီလိုမျိုးလေးဆိုရင် ကြောင်တော်တော်များများလည်း ငြိမ်နေတတ်တာကြောင့် ရိုက်ရတာအဆင်ပြေမှာပါ။

photo source:www.pinterest.com