မြက်ခင်းမှာ ဓာတ်ပုံရိုက်မယ့်သူတွေအတွက် ချစ်ဖို့ကောင်းတဲ့ ပို့စ်အိုင်ဒီယာတွေကို ဖော်ပြပေးလိုက်ပါတယ်။ မြက်ခင်းတွေမှာရိုက်ရင် ပုံထွက် resolution က အရမ်းကောင်းပါတယ်။ ဒါကြောင့် ပို့စ်ခက်ခက်ခဲခဲတွေတောင် လုပ်နေစရာမလိုပဲ လှပတဲ့ပုံကောင်းလေးတွေ ရလာစေပါတယ်။

ကိုယ်ရိုက်မယ့် မြက်ခင်းနေရာက ကုန်းလျှောလေးဖြစ်နေရင် ဒီလိုလေးထိုင်ရိုက်ပါ။ မိုက်ပါတယ်။

ဒီလိုလေးထိုင်ရိုက်တာလည်း ချစ်ဖို့ကောင်းပါတယ်။ နေထိုးနေရင် ပိုတောင်လှပါသေးတယ်။

ပန်းလေးကိုင်ပြီး ဒီလိုလေးလည်း ပို့စ်ပေးရိုက်ကြည့်ပါ။ ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ပန်းမရှိရင် လက်ကိုအဲ့အတိုင်းလေးမြှောက်ပြီး လက်နှစ်ချောင်းထောင်တာမျိုးလေးလည်း လုပ်လို့ရပါတယ်။

မြက်ခင်းစိမ်းစိမ်းစိုစိုလေးမှာ ဒီလိုလေးလှဲအိပ်ပြီးရိုက်တာမျိုးကလည်း အရမ်းလှပြီး ချစ်ဖို့ကောင်းတာကြောင့် မြက်ခင်းသန့်ရင် ရိုက်ကြည့်သင့်ပါတယ်။

နောက်ကျောပေးပြီး မတ်တပ်ရပ်ပုံလေးတွေ ရိုက်မယ်ဆိုရင်တော့ ဒီလိုလေးတွေ ပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပြီး happy vibes လေးရစေပါတယ်။

ဒီလို snap ပုံစံလေးတွေရိုက်တာလည်း အရမ်းချစ်ဖို့ကောင်းတာကြောင့် ရိုက်ဖြစ်အောင် ရိုက်ကြည့်ပါ။

မြက်ခင်းမှာ ဘေးတစ်စောင်းထိုင်နေတဲ့ပုံစံလေးတွေကိုလည်း ဒါမျိုးပို့စ်လေးတွေနဲ့ ရိုက်ကြည့်ပါ။ သဘာရှုခင်းကြောင့် ပိုလှပြီး ချစ်ဖို့ကောင်းစေပါတယ်။

Picnic ထွက်သလို မြက်ခင်းမှာ အခင်းလေးတွေခင်းပြီး ဒီလိုပုံလေးတွေလည်း ရိုက်ကြည့်သင့်ပါတယ်။ မျက်နှာမပါပေမယ့် အရမ်းလှပြီးချစ်ဖို့ကောင်းပါတယ်။

မြက်ခင်းမှာ ဒီလိုလေးတွေထိုင်ပြီး ပို့စ်ပေးနေချိန် ရိုက်ပေးတဲ့သူက အနောက်ကနေ ဘေးဘက်နည်းနည်းထွက်ပြီး ရိုက်ပေးပါ။ ဒါဆိုရင် ပိုလှပါတယ်။ မြက်ခင်းမှာရိုက်မယ်ဆိုရင် အဝတ်အစားက cute ဖြစ်တာမျိုးလေးတွေဝတ်ထားရင် ပိုချစ်ဖို့ကောင်းစေပါတယ်။

Photo source:www.pinterest.com