ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ညီအစ်မနှစ်ယောက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းနှစ်ယောက်ပဲဖြစ်ဖြစ် ရိုက်လို့ရတဲ့ ချစ်ဖို့ကောင်းတဲ့ ပို့စ်ပေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေကူးကန်ကို တူတူသွားဖြစ်ခဲ့ရင် ချစ်ဖို့ကောင်းအောင် ဒီလိုမျိုးလေး ရိုက်ခဲ့ကြည့်ပါ။ ရေကူးဝတ်စုံဝတ်ထားလည်း sexy မကျပဲ ချစ်ဖို့ကောင်းတဲ့ cute type ပုံစံလေး ဖြစ်နေမှာပါ။

ညီအစ်မနှစ်ယောက် (သို့) သူငယ်ချင်းနှစ်ယောက် ရီပြီးစကားပြောနေတဲ့ပုံစံလေး ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး အမှတ်တရဖြစ်စေပါတယ်။

ကိုရီးယားဆန်တာလေးကြိုက်ရင်တော့ ကမ်းခြေရောက်တဲ့အခါမှာ သဲသောင်ပြင်ပေါ် အခင်းလေးခင်းပြီး ပင်လယ်ကိုနောက်ခံထားကာ ဒီလိုမျိုးပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ညီအစ်မနှစ်ယောက် (သို့) သူငယ်ချင်းနှစ်ယောက် ဒီလိုဆင်တူလေးဝတ်ပြီး သဘာဝဆန်ဆန် ပို့စ်ပေးပြီး snap ပုံစံမျိုးရအောင် ရိုက်ကြည့်ပါ။

Mirror selfie ရိုက်ရင် နှစ်ယောက်သား ဒီလိုမျိုးလေး ထိုင်ပြီးရိုက်ကြည့်ပါ။ တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းစေပါတယ်။

ကားပေါ်မှာ ဒီလိုမျိုးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းမိုက်ပါတယ်။ ကင်မရာကိုမကြည့်ပဲ အဝေးကိုကြည့်နေတဲ့ပုံစံမျိုးရိုက်တာက ပိုမိုက်ပါတယ်။

Skincare လုပ်နေတဲ့ပုံစံ၊ mask ကပ်နေတဲ့ပုံစံလေးတွေလည်း တူတူရိုက်ကြည့်ပါ။ အမှတ်တရဖြစ်ပြီး ချစ်ဖို့ကောင်းစေတဲ့ bffs goal, sisters goal ပို့စ်လေးတွေပါပဲ။

တူတူခရီးထွက်ဖြစ်တဲ့အခါမှာလည်း လေဆိပ်မှာ ဒီလိုပုံလေးရိုက်ခဲ့ဖို့ မမေ့ပါနဲ့။ ချစ်ဖို့ကောင်းပြီး အမှတ်တရဖြစ်စေတဲ့ပုံလေး ဖြစ်လာမှာပါ။

ကောင်းကင်ပါအောင် အောက်ကနေပင့်ရိုက်တဲ့ ပို့စ်တွေကလည်း ၂၀၂၁ မှာ အရမ်းခေတ်စားနေတာကြောင့် ဒီလိုပုံစံလေးလည်း ရိုက်ကြည့်လို့ရပါသေးတယ်။

photo source:www.pinterest.com