လူငယ်ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ Peach Brown Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ရိုးရှင်းပြီး နေ့တိုင်းပြင်လို့ရတဲ့ Makeup Look ဖြစ်တာကြောင့် Try ကြည့်သင့်ပါတယ်။ ဒီမှာတော့ မျက်ကပ်မှန်တပ်ထားတဲ့အတွက် ပိုချစ်ဖို့ကောင်းတဲ့ Look လေးဖြစ်စေပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ်လိမ်းနေကျ Foundation or Cushion လိမ်းပါ။ ဒီမှာတော့ Cushion လိမ်းထားပါတယ်။

မျက်ကွင်းညိုတဲ့နေရာနဲ့ အမဲစက်ရှိတဲ့နေရာ၊ အသားအရောင်မညီတဲ့နေရာတွေကို Concealer သုံးပါမယ်။

မိတ်ကပ်သားသိပ်သိပ်လေးဖြစ်အောင် Powder Pact လေးလိမ်းပေးပါ။

မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျပုံစံအတိုင်းပဲ ဆွဲပေးပါ။

အသားရောင် Eyeshadow ကို မျက်ခွံပေါ်ခြယ်ပေးပါ။

အညိုရောင်ဘက်သွားတဲ့ Eyeshadow ကို မျက်ခွံထောင့်နဲ့ မျက်လုံးအောက်နားထောင့်မှာ ခြယ်ပေးပါ။

အဖြူရောင် Glitter Eyeshadow ကို မျက်ခွံအလယ်လေးမှာ လက်နဲ့ယူပြီးခြယ်ပေးပါ။

Mascara နဲ့ မျက်တောင့်ကော့ပါမယ်။

ဒီမှာတော့ Eyeliner ကို တစ်ဝက်လောက်ကနေပဲ စဆွဲထားပါတယ်။ ဘယ်လိုပဲဆွဲဆွဲ မျက်လုံးထောင့်မှာ Winged လေးထွက်အောင်ဆွဲပေးပါ။

ပါးနီကို Peach အရောင်လေးခြယ်ပါမယ်။

နှုတ်ခမ်းနီကိုတော့ ပန်းရောင် (သို့) လိမ္မော်ဖောက်တာလေးဆိုးပြီး အတွင်းသားကို အနီလေးဆိုးထားပါတယ်။

ဒါဆိုရင်တော့ လူငယ်ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းပြီး နေ့တိုင်းပြင်လို့လည်းအဆင်ပြေတဲ့ Peach Brown Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။