Crush ရှေ့ရောက်ပြီဆိုရင် ကိုယ့်ကို သတိထားမိပြီး သူ့မျက်လုံးထဲမှာ ထင်းပြီး လှနေချင်တာက သဘာဝပါပဲ။ အခုပြောပြမယ့် Cute Outfits လေးတွေကို ဝတ်ကြည့်ပါ။ သင့်ကို စတိုင်ကျပြီး ချစ်စရာကောင်းတဲ့အသွင်ကို ပေါ်လွင်စေမှာပါ။

Denim Jackets

သင့်ရဲ့ပေါ့ပေါ့ပါးပါးဝတ်စုံတွေကို ပိုခေတ်မီပြီး စွယ်စုံရစေဖို့ Denim Jackets ဝတ်လို့ရပါတယ်။ ချစ်စရာကောင်းတဲ့ပုံပေါ်စေပြီး သက်တောင့်သက်သာရှိလည်းရှိတဲ့အပြင် သင့်ကိုလည်း ပိုပြီး စတိုင်ကျစေမှာပါ။

Crop Top

ဖက်ရှင်ကျကျ၊ ဆွဲဆောင်မှုရှိပြီး မိန်းကလေးဆန်တဲ့ အသွင်အပြင်ဝတ်ချင်ရင် Crop Top လေးကို စမ်းကြည့်ပါ။ ချစ်ဖို့ကောင်းပြီး စိတ်ကူးယဉ်ဆန်ဆန်နဲ့ စတိုင်ကျကျနဲ့ လှနေမှာပါ။

Fitting Jeans

Crush ကို အထင်ကြီးသွားစေချင်တယ်ဆိုရင်တော့ မလိုက်တဲ့ ဂျင်းဘောင်းဘီကို မ၀တ်ပါနဲ့။ အကောင်းဆုံးပုံစံကို လိုချင်ရင် သင်နဲ့လိုက်ဖက်မယ့် အဝတ်အစားကိုဘဲ ရွေးဝတ်ပါ။ လိုက်ဖက်အောင် ဝတ်ထားတဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက သဘောကျကြပါတယ်။

Cute Blouses

Crush ဒါမှမဟုတ် ချစ်သူက အထင်ကြီးစေဖို့အတွက် ဂျင်းဘောင်းဘီနဲ့ ချစ်ဖို့ကောင်းတဲ့ အင်္ကျီတစ်ထည်ကို တွဲဝတ်လိုက်ပါ။

Mini Skirts

မီနီစကတ်တွေကလည်း သင့်ကို ဆွဲဆောင်မှုရှိတဲ့ကောင်မလေးတစ်ယောက်ဖြစ်ဖို့ အများကြီး ကူညီပေးနိုင်ပါတယ်။

Summer Dresses

ချစ်စရာကောင်းပြီး မိန်းမဆန်ဆန်ပုံစံ Look လေးအတွက်ဆိုရင်တော့ Summer Dresses လေးတွေက ကွက်တိပါပဲ။

Classic Shirts

သပ်သပ်ရပ်ရပ်ဖြစ်ရမယ် ၊ စတိုင်လ်ကျကျနဲ့လည်း ပေါ်လွင်နေချင်ရင်တော့ Classic Shirts လေးတွေက အားစိုက်ထုတ်စရာမလိုဘဲ သင့်ကို စတိုင်ကျနေစေမှာပါ။