နွေရာသီမှာ အရမ်းပူတဲ့အတွက် ကြိုးတစ်လုံးလေးတွေဝတ်ရတာက ပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာဖြစ်စေသလို အပူဒဏ်လည်း သက်သာစေပါတယ်။ ဒါကြောင့် နွေရာသီအတွက် ချစ်ဖို့ကောင်းတဲ့ ကြိုးတစ်လုံးဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလိုချစ်ဖို့ကောင်းတဲ့ ကြိုးတစ်လုံးအင်္ကျီလေးတွေကို ဘာနဲ့တွဲဝတ်ရမှန်းမသိရင် ဂျင်းဘောင်းဘီအရှည်လေးသာ ကောက်စွတ်လိုက်ပါ။ ဂျင်းဘောင်းဘီက ဘာနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ဖက်ရှင်ပါပဲ။

ကိုယ်ကျပ်ကြိုးတစ်လုံးလေးတွေကလည်း နွေရာသီမှာ အရမ်းဝတ်လို့ကောင်းပြီး ဖက်ရှင်ကျစေပါတယ်။ အလွယ်တကူ ဂျင်းဘောင်းဘီအရှည်လေးနဲ့ တွဲဝတ်လိုက်ရုံပါပဲ။

အတိုမဝတ်တဲ့သူတွေဆိုရင် ကြိုးတစ်လုံးအင်္ကျီလေးတွေကို style pant လေးတွေ၊ ဘောင်းဘီရှည်ရောင်စုံတွေနဲ့ တွဲဝတ်လို့လည်း ရပါသေးတယ်။

နွေရာသီမှာ ကြိုးတစ်လုံး floral dress လေးတွေ ဝတ်ကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလို ကြိုးတစ်လုံး dress အကားကြီးတွေဆိုရင် ဝတ်ရတာ အရမ်းပေါ့ပါးလွတ်လပ်မှု ရှိစေပါတယ်။ Sneakers အဖြူလေးတွေနဲ့ဆို ပိုတောင်ချစ်ဖို့ကောင်းပါသေးတယ်။

ကြိုးတစ်လုံးလေးတွေကို ဒီလိုစကပ်လေးတွေနဲ့တွဲဝတ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ Body shape လေးတောင် ပိုပေါ်စေပါတယ်။

ကြိုးတစ်လုံးအင်္ကျီလေးတွေကို စကပ်လေးတွေနဲ့တွဲဝတ်တာလည်း ချစ်ဖို့ကောင်းပါတယ်။ ကြိုးတစ်လုံးအတိုင်း မဝတ်ချင်ရင် အပေါ်ထပ်အပါးလေးတွေ ထပ်ဝတ်လို့လည်း ရပါတယ်။

ကြိုးတစ်လုံးလေးတွေကို ဒီလိုဘောင်းဘီတိုအပွလေးတွေနဲ့ တွဲဝတ်တာလည်း ပေါ့ပါးမှုရှိစေတဲ့ ဖက်ရှင်လေးပါ။ ခုနကလိုပဲ ကြိုးတစ်လုံးအတိုင်းမဝတ်ချင်ရင် အပေါ်ထပ်အပါးလေးတွေသာ ထပ်ဝတ်ပါ။

ကြိုးတစ်လုံးကို ဒီလိုဂျင်းစကပ်တွေနဲ့ တွဲဝတ်လိုက်ရင် ချစ်ဖို့ကောင်းသလို ဖက်ရှင်ကျပြီးလည်း လှနေစေပါတယ်။ Sneakers လေးတွေစီးလိုက်ရင် ချစ်ဖို့ကောင်းသွားပြီး ဒေါက်ဖိနပ်လေးစီးလိုက်ရင်တော့ ဆွဲဆောင်မှုရှိပြီး လှနေမှာပါ။

Photo source:www.pinterest.com