Kpop ဖက်ရှင်ပရိသတ်တွေအားလုံးပဲ မင်္ဂလာပါနော်။ အခုနှစ်ပိုင်းတွေမှာမှ ပွဲဦးထွက်ပြီး နာမည်ရလာတဲ့ မျိုးဆက်သစ် Idol တွေထဲမှာ NMIXX အဖွဲ့လည်း အပါအဝင်ပါပဲနော်။ ငယ်ငယ်ချောချောအဖွဲ့ဝင်ခြောက်ဦးနဲ့ ဖွဲ့စည်းထားတဲ့ NMIXX ထဲက အဖွဲ့ခေါင်းဆောင်လည်းဖြစ် လူကောင်သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ Haewon ရဲ့ဖက်ရှင်လေးတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးသွားမှာပါ။


အသက် ၂၀ သာရှိသေးတဲ့ Haewon ကိုတော့ တောင်ကိုးရီးယားနိုင်ငံ၊ အင်ချွန်းမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းအမတစ်ဦးရှိပါတယ်။ သူမဟာ Idol ဖြစ်ချင်တဲ့အိပ်မက်အတွက် JYP Entertainment လက်အောက်မှာ ၄နှစ်ကျော်ကြာ Trainee အဖြစ်လေ့ကျင့်ခဲ့သူပါ။ လက်ရှိမှာ အဖွဲ့နဲ့အတူ ‘Expérgo’ လို့ခေါ်တဲ့ Comeback သီချင်း Album တစ်ခုထွက်ရှိထားပြီး ပရိသတ်တွေရဲ့ အာရုံစိုက်အားပေးမှုကိုရရှိနေတဲ့သူဆိုရင်လည်း မမှားပါဘူး။


လူငယ်ပီပီ Selfie လှလှလေးတွေရိုက်တတ်တဲ့သူမဟာ ပွင့်ပွင့်လင်းလင်းနဲ့ ဟာသတွေပါ ပြောတတ်တဲ့ သွက်သွက်လက်လက်ပုံစံလေးကြောင့် ပရိသတ်တွေကြား လူသိများပါတယ်။

အရုပ်လေးတစ်ရုပ်လိုချစ်စရာကောင်းတဲ့သူမဟာ ဖက်ရှင်ပိုင်းမှာလည်း သူမရဲ့ လူကောင်းသေးသေး ကိုယ်လုံးလေးနဲ့လိုက်အောင် ခေတ်ဆန်တဲ့ဖက်ရှင်လေးတွေ ရွေးဝတ်တတ်သူပါ။ ဒီတော့ Haewon ရဲ့ချစ်ပရိသတ်တွေနဲ့ လူကောင်သေးတဲ့သူလေးတွေအတုယူနိုင်မယ့် သူမဝတ်ခဲ့တဲ့ လူငယ်ဆန်ဆန် ဖက်ရှင်လေးတွေကို ဆက်ကြည့်လိုက်ရအောင်-

Photo Source: Pinterest

By MyStyle Myanmar