ဒီတစ်ခါမှာတော့ အထူးသဖြင့် ဆယ်ကျော်သက်ကောင်မလေးတွေ အကြိုက်တွေ့စေမယ့် ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ လက်သည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါအပြင် ရိုးရိုးလေးနဲ့ ဒီဇိုင်းကလည်းဆန်းတာကြောင့် သူများနဲ့မတူတာမျိုးမှ လုပ်ချင်တယ်ဆိုတဲ့သူတွေလည်း အကြိုက်တွေ့မှာသေချာပါတယ်။
ဒါကတော့ Hello Kitty ချစ်သူလေးတွေအတွက် အဖြူရောင်နဲ့ ရိုးရိုးလေးပုံဖော်ထားတာမို့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။
Pizza ချစ်သူလေးတွေအတွက် လက်တစ်ချောင်းထဲကိုပဲ Pizza ပုံဆန်ဆန်းလေး ပုံဖော်ထားပြီး ကျန်တဲ့လက်ချောင်းလေးတွေကို အဝါရောင်ဆိုးထားတာကြောင့် ခေတ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။
ရိုးရိုးရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းတာလေးကြိုက်တဲ့သူတွေအတွက် ဒီလက်သည်းဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။
အဝါရောင်ကြိုက်တဲ့ကောင်မလေးတွေအတွက်ကတော့ ဘဲပုံလေးပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးက အရိုးရှင်းဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးပါပဲ။
We Bare Bears ချစ်သူလေးတွေအတွက်ကတော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒါမျိုးပုံဖော်တဲ့သူလည်း သိပ်မရှိသေးတာကြောင့် ဒီဇိုင်းအဆန်းလေးဖြစ်နေမှာပါ။
အရောင်နုနုလေးကြိုက်ရင်တော့ ဒီလိုအရောင်လေးဆိုးပြီး Avocado ပုံလေး ပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီး ဒီဇိုင်းလည်းဆန်းသလို ချစ်ဖို့လည်းကောင်းပါတယ်။
ဒါကတော့ အနီရောင်နဲ့ Maroon အရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် မိန်းကလေးဆန်ပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဆယ်ကျော်သက်မှမဟုတ်ပါဘူး။ မိန်းကလေးတိုင်းနဲ့ကိုလိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလေးပါ။
Photo source: www.pinterest.com