လက်သည်းခွံသေးတဲ့ ကောင်မလေးတွေက လက်သည်းပုံဖော်တဲ့အခါမှာ ဘယ်လိုပုံစံ ပုံဖော်ရမလဲ စဉ်းစားရခက်နေရင် ဒီလက်သည်းဒီဇိုင်းလေးတွေကို ပုံဖော်ကြည့်လိုက်ပါ။ လက်သည်းခွံ သေးသေးလေးတွေနဲ့ လိုက်ဖက်ပြီးတော့ ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးတွေပဲ ဖြစ်ပါတယ်။

ဒီဇိုင်းလေးက အရမ်းလည်းမဆန်းသလို၊ အရမ်းလည်းမရိုးပါဘူး။ ဒါပေမယ့် အမြင်တစ်မျိုးလေး ပြောင်းလဲသွားစေမယ့် လက်သည်းဒီဇိုင်းလေးပါ။

အစိမ်းရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ချစ်ဖို့ကောင်းတာထက် ဒီဇိုင်းနည်းနည်းဆန်းတာမျိုးလေး ပုံဖော်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။

ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရောင်လေးတွေက အသက်ပါပဲ။

လက်သည်းခွံသေးတဲ့သူတွေအတွက် အရမ်းချစ်ဖို့ကောင်းပြီး လူငယ်ဆန်စေမယ့် လက်သည်းဒီဇိုင်းလေးပါ။ အရောင်ကအစ ချစ်ဖို့ကောင်းပါတယ်။

အရောင်စပ်ထားတာလေးက ဆန်းတဲ့အပြင် ဒီဇိုင်းလေးကလည်း အရမ်းချစ်ဖို့ကောင်းတာကြောင့် လက်သည်းခွံသေးရင် ဒီလိုလေးပုံဖော်ကြည့်ပါ။

လက်သည်းခွံသေးပြီးတော့ လက်သည်းကို အချွန်လေးထားတယ်ဆိုရင်တော့ ဒီလိုလေး ပုံဖော်ကြည့်ပါ။

စပ်ထားတဲ့အရောင်လေးတွေက အရမ်းလှတဲ့အပြင် အမြင်ဆန်းစေမယ့် လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

ဒါကလည်း လက်သည်းခွံသေးတဲ့သူတွေအတွက် အမြင်ဆန်းပြီး ချစ်ဖို့ကောင်းတဲ့ နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။

အနီရောင်ကြိုက်တယ်၊ လက်သည်းခွံလည်း သေးတယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက ချစ်ဖို့ကောင်းပါတယ်။

လက်သည်းခွံသေးတဲ့အပြင် လက်သည်းအရှည်လည်းမထားဘူး ဆိုတဲ့သူတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ ပန်းပွင့်လက်သည်းဒီဇိုင်းလေးပါ။