ဒီတစ်ခါမှာတော့ ခွေးချစ်တဲ့ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်ခါတစ်လေကျရင် လက်သည်းပုံဖော်ဖို့ ဘယ်လိုဒီဇိုင်း ပုံဖောက်ရမှန်းမသိ ဖြစ်နေရင် ကိုယ်ချစ်တဲ့အရာလေးတွေကို ပုံဖော်ကြည့်ပါ။ လက်သည်းကိုကြည့်ကြည့်ပြီး စိတ်ချမ်းသာနေရပါလိမ့်မယ်။

အရောင်ကငြိမ်တဲ့အပြင် ဒီဇိုင်းကလည်း တစ်ချောင်းကိုတစ်မျိုး ပုံဖော်ထားတဲ့အတွက် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

အရောင်ရင့်တာမျိုးတွေကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်သည်းအတိုအရှည် အကုန်လုံးနဲ့ လိုက်ဖက်ပါတယ်။

အဖြူခံပေါ်မှာ ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးဖြစ်တာကြောင့် ပိုပေါ်လွင်ပြီး ချစ်ဖို့ကောင်းပါတယ်။ ခွေးပုံလေးကိုလည်း နှစ်မျိုးပုံဖော်ထားတာကြောင့် ပိုပြီးဆန်းပါတယ်။

လက်သည်းအချွန်ထားတာဆိုရင် ဒီလိုလေး ပုံဖော်လို့ရတယ်နော်။ Corgi ချစ်တဲ့ ကောင်မလေးတွေအတွက်တော့ ကွက်တိပဲပေါ့။

Corgi ချစ်တဲ့ ကောင်မလေးတွေအတွက် နောက်ထပ်ချစ်ဖို့ကောင်းတဲ့ လက်သည်ဒီဇိုင်းလေးပါ။ တစ်ကောင်လုံးပုံဖော်ချင်တာဆိုရင် ဒီလိုလေးပုံဖော်ကြည့်နော်။

နုနုဖတ်ဖတ်လေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

သူများတွေသိပ်ပြီး ပုံဖော်လေ့မရှိတဲ့ ဒီဇိုင်းမျိုးဆိုရင်တော့ ဒီပုံလေးကို ပုံဖော်ကြည့်ပါ။

ရုပ်လုံးကြွနေတာမျိုးလေးဖြစ်လို့ ပိုလူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရောင်ကလည်း အသားဆောင်တဲ့ အရောင်လေးတွေပဲ သုံးထားတာပါ။

လက်သည်းခွံနည်းနည်းကြီးရင် ဒီလိုလေးပုံဖော်လို့လည်း ရပါသေးတယ်။ ကြည့်လိုက်တာနဲ့ ထင်းပြီးပေါ်လွင်နေမယ့် ဒီဇိုင်းလေးပါ။

အရောင်စုံလည်းဆိုးချင်တယ်၊ ခွေးပုံလေးပါအောင်လည်း ပုံဖော်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက ချစ်ဖို့ကောင်းပြီး ဆန်းလည်းဆန်းပါတယ်။

Photo source:www.pinterest.com