သင်က ချစ်စရာ အမူအရာတွေနဲ့ ချစ်ဖို့ကောင်းတဲ့ စတိုင်၊ မျက်နှာလေးကို ပိုင်ဆိုင်ရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ပန်းရောင်လေးတွေ ဝတ်နေကျ ကောင်မလေးတွေအတွက်လည်း ဒီအကြောင်းအရာက အကျုံးဝင်ပါသေးတယ်။ ကိုယ့်အင်္ကျီအရောင်၊ ကိုယ့် Vibe နဲ့ လိုက်ဖက်တဲ့ လက်သည်းနီ တွေက ကိုယ့်ယုံကြည်မှုကို ပံ့ပိုးပေးနိုင်ပါတယ်။ ဒီတော့ ချစ်ဖို့ကောင်းတဲ့ လက်သည်းနီ ပုံစံတွေကို ကြည့်လိုက်ရအောင်နော်-

Hello Kitty ရုပ်ကလေးတွေ သဘောကျတဲ့ ကောင်မလေးတွေ ဆိုးနိုင်မယ့် ပုံစံ ဖြစ်ပါတယ်။

အဖြူနဲ့ ပန်းရောင် ဝတ်တဲ့နေ့မှာ ပန်းရောင်နဲ့ အဖြူစပ် လက်သည်းနီလေးက “So Cute” ဖြစ်နေမှာပါ။

နည်းနည်း စွန့်စားချင်တယ်ဆိုရင် လျို့ဝှက်တဲ့ဘက်သွားတဲ့ လက်သည်းစတိုင်မျိုးကို ချစ်စရာကောင်းတဲ့ ပျိုမေတို့ ဆိုးနိုင်ပါတယ်။

Barbie ရုပ်လေးလို ချစ်စရာကောင်းချင်တယ်ဆိုရင်တော့ ဖော်ပြပါ လက်သည်းနီ စတိုင်က ရိုးရှင်းသလို ထူးလည်း ထူးခြားပါတယ်။

ဖဲပြားလေးတွေကို သဘောကျပြီး နှစ်သက်တဲ့ ကောင်မလေးတွေ ဆိုးနိုင်မယ့် လက်သည်းနီ ဒီဇိုင်း ဖြစ်ပါတယ်။

သင်က ဒီပုံစံလေးကိုတော့ Nail Salon မှာ ပုံပြပြီး ပုံဖော်သင့်ပါတယ်။ အရောင်စပ်ပုံစံလေးက ချစ်ဖို့ ကောင်းလှပါတယ်။

တိမ်ပုံတွေ ပါဝင်ပြီး ပန်းရောင်ကို အားဖြည့်ပေးတဲ့ အဖြူရောင် လက်သည်းနီက လက်သည်းနီ ဆိုးနေကျ ကောင်မလေးတွေ ဆောင်ထားသင့်တဲ့ အရောင် ဖြစ်ပါတယ်။

လူငယ်ဆန်ပြီး Effect ပုံစံလေး ရစေမယ့် လက်သည်းနီ ပန်းရောင် ဒီဇိုင်းလေး ဖြစ်ပါတယ်။ ဒီပုံစံလေးက တခြားသူတွေကိုပါ ငေးမဝ ဖြစ်စေမယ့် လက်သည်းနီ ဒီဇိုင်း ဖြစ်ပါတယ်။

ကောင်လေးက ကိုယ့်လက်ကလေးကို ကိုက်စားချင်စိတ်ဖြစ်အောင် ဆွဲဆောင်ချင်ရင်တော့ ဒီအသည်းယားစရာ လက်သည်းနီလေးက ပံ့ပိုးပေးမှာပါ။

Cute Nail Style လေးတွေ ကြိုက်သူ ပျိုမေတို့အဖို့ စိတ်ကြိုက်ရွေးနိုင်မယ့် လက်သည်းနီ ဒီဇိုင်းတွေ ဖြစ်ပါတယ်။

အရောင်ဖျော့ဖျော့လေးတွေ ပေါင်းစပ်ထားပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းနီ ဒီဇိုင်းလေး

သင်အကြိုက်ဆုံး လက်သည်းနီ ပုံစံက ဘယ်ပုံစံလေး ဖြစ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar