အိမ်မှာနေရင်းနဲ့ ပျင်းနေကြသူများအတွက် သွားကြားထိုးတံကိုသုံးပြီး လွယ်လွယ်ကူကူပုံဖော်လို့ရမယ့် ချစ်စရာကောင်းတဲ့ လက်သည်းဒီဇိုင်းလေး လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပန်းရောက်ဘက်သွားတဲ့ လက်သည်းနီအရောင်လေးကို လက်ညှိုးမှာ ဆိုးပါ။ လက်သည်းနီအဖြူရောင်နဲ့ အနီရောင်ကို သွားကြားထိုးတံနဲ့ တစ်လှည့်စီယူပြီး ပုံမှာပြထားသလို အစက်လေးတွေ ချပေးရမှာပါ။ အောက်နားမှာ ကြက်ခြေခတ်ပုံစံအစက်လေးချပြီး အပေါ်ဘက်မှာ လေးထောင့်ပုံစံလေး အစက်ချရမှာပါ။

လက်ခလယ်မှာလည်း ပန်းရောင်ဘက်သွားတဲ့ လက်သည်းနီအရောင်ဆိုးပြီး သွားကြားထိုးတံနဲ့ လက်သည်းနီအဖြူရောင်ကိုယူကာ အစက်လေးတွေချပေးပါ။ ရွှေရောင်လက်သည်းနီကိုလည်း သွားကြားထိုးတံနဲ့ယူပြီး အသည်းပုံ ပုံစံလေးလုပ်ပေးပါ။

လက်သန်းကြွယ်မှာ အသားရောင်ဘက်သွားတဲ့ လက်သည်းနီအရောင်ဆိုးပြီး ထိပ်နားလေးမှာ လက်သည်းနီပန်းရောင်ကို ပုံမှာပြထားတဲ့အတိုင်း ၃ ပုံလောက် သုတ်ပေးပါ။ သွားကြားထိုးတံနဲ့ လက်သည်းနီအနီရောင်ကိုယူပြီး ဘေးပတ်ပတ်လည်မှာ အကွေးလေးတွေလိုက်ဆွဲလိုက်မယ်ဆိုရင် ပန်းပွင့်ပုံလေး ဖြစ်သွားမှာပါ။ ပန်းပွင့်အောက်နားမှာ ရွှေရောင်လက်သည်းနီကိုယူပြီး အရွက်ပုံလေး အစက်ချပေးပါ။

လက်သန်းမှာလည်း အသားရောင်ဘက်သွားတဲ့ လက်သည်းနီအရောင်ဆိုးပါ။ သွားကြားထိုးတံနဲ့ လက်သည်းနီအဖြူကိုယူပြီး လက်သည်းထိပ်နားမှာ အစက်လေးတွေချကာ အသည်းပုံ Shade လေးဖြစ်အောင် လုပ်ပေးပါ။ ပြီးမှ Shade လုပ်ထားတဲ့အထဲကို လက်သည်းနီပန်းရောင်လေး ဖြည့်ပေးလိုက်ပါ။

လက်မမှာ လက်သည်းနီအဖြူရောင်ဆိုးပါ။ ပန်းရောင်လက်သည်းနီကို အလယ်ကနေ တစ်ဖြတ်ဆိုးချလိုက်ပါ။ သွားကြားထိုးတံနဲ့ လက်သည်းနီအဖြူကိုယူပြီး အလယ်မှာ အသည်းပုံသေးသေးလေး ဆွဲပေးပါ။

အားလုံးပုံဖော်ပြီးရင် အပေါ်ကနေ Top Coat လေး ထပ်ဆိုးပေးပါ။ ဒါဆိုရင်တော့ အရမ်းချစ်စရာကောင်းတဲ့ လက်သည်းဒီဇိုင်းလေးကို ကိုယ်တိုင်လွယ်လွယ်ကူကူပုံဖော်တာ ပြီးသွားပါပြီ။

Source: www.cutepolish