လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းတွေကို စိတ်ကြိုက်ပုံဖော်လို့ရအောင် Sample ပုံလေးတွေနဲ့ မျှဝေပေးလိုက်ပါတယ်။ ဒီပုံလေးတွေပြပြီး ဆိုင်မှာပုံဖော်ရုံပဲဆိုတော့ ဘာဒီဇိုင်းပုံဖော်ရမလဲဆိုတာကို ခေါင်းရှုပ်ခံပြီး စဉ်းစားနေစရာ မလိုတော့ဘူးပေါ့။

ခရမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ပန်းပွင့်ကို ကြက်ဥကြော်ပုံစံလေးနဲ့ ပုံဖော်ထားတာက အသက်ပါပဲ။

ရိုးရှင်းပြီး ချစ်ဖို့ကောင်းတဲ့ ပန်းပွင့် လက်သည်းဒီဇိုင်းလေးပါ။ အရောင်လေးတွေက လူငယ်ဆန်နေတာပါ။

အရောင်ငြိမ်ပြီး ချစ်ဖို့ကောင်းတဲ့ ဒီလက်သည်းဒီဇိုင်းကတော့ လူကြီးလူငယ် အားလုံးနဲ့ လိုက်ဖက်ပြီး အသားလည်းဆောင်ပါတယ်။

လိမ္မော်သီးလေးကို ပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်လေးဖြူပြီးလင်းသွားမယ့် အရောင်လေးပါ။

ဒီအရောင်လေးဆိုလည်း အသားဆောင်ပါတယ်။ ဒီဇိုင်းကလည်း ချစ်ဖို့အရမ်းကောင်းပါတယ်။ အိမ်မှာတောင် ကိုယ်တိုင်အလွယ်တကူ ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။

Matte Type ဆိုးပြီး ပုံဖော်မယ်ဆိုရင်တော့ ချစ်ဖို့ကောင်းတဲ့ ဒီလက်သည်းဒီဇိုင်းလေး ရှိပါတယ်။ အရောင်ကအစ ချစ်ဖို့ကောင်းတာပါ။

ဘိုဆန်တဲ့အရောင်လေးတွေဖြစ်ပြီး ဒီဇိုင်းကလည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် မြင်နေကျနဲ့ သိပ်မတူပါဘူး။

လူငယ်ဆန်ဆန် ဒီဇိုင်းအစုံ ပုံဖော်ချင်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းစုံ လက်သည်းဒီဇိုင်းလေးပါ။

ဒါလည်း လူငယ်ဆန်တဲ့ ဒီဇိုင်းအစုံ လက်သည်းဒီဇိုင်းလေးပါပဲ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းပြီး Fancy ဆန်နေမှာပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ စပ်ထားတဲ့အရောင်လေးတွေက အသက်ပါပဲ။

ရှင်းရှင်းလေးနဲ့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရောင်လေးတွေကအစ ချစ်စရာ အရောင်နုနုလေးတွေကို စပ်ထားတာပါ။

Photo source:www.pinterest.com