လက်သည်းပုံဖော်ရတာကြိုက်တဲ့ Kpopper လေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ Idol အစုံရဲ့ MV တွေကို ပုံဖော်ထားတာဖြစ်လို့ ပိုပြီးသဘောကျမယ်လို့ ထင်ပါတယ်။

BOL4 ကို ကြိုက်တဲ့သူတွေအတွက် “Leo” လက်သည်းဒီဇိုင်းလေးပါ။ အရမ်းလှပတဲ့ လက်သည်းဒီဇိုင်းလေးမို့ မြင်တာနဲ့ကို ကြိုက်မယ်လို့ထင်ပါတယ်။

Taeyeon ကိုကြိုက်တဲ့သူတွေအတွက် “Happy” လက်သည်းဒီဇိုင်းလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာကြောင့် မျှဝေပေးလိုက်ပါတယ်။

OH MY GIRL ရဲ့”Nonstop” ကိုပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးကလည်း အရမ်းချစ်ဖို့ကောင်းတာကြောင့် Kpopper လေးတွေ ကြိုက်မယ်လို့ ထင်ပါတယ်။

ဒါကတော့ Kpopper မှမဟုတ်ပါဘူး တော်တော်များများရဲ့ အချစ်တော်မလေးဖြစ်တဲ့ IU ရဲ့ “Palette” လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

TXT ရဲ့ “Crown” ကို ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးကလည်း အရောင်ကော ဒီဇိုင်းကော ချစ်ဖို့ကောင်းတာကြောင့် မျှဝေပေးလိုက်ပါတယ်။

ဒါကတော့ SUNMI ရဲ့ “Noir” ကို ပုံဖော်ထားတာပါ။ ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းတာကြောင့် တော်တော်များများ ကြိုက်မယ်လို့ ထင်ပါတယ်။

Apink ရဲ့ “%%” ကို ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ပန်းရောင်လေးမို့ ပိုလှပြီး ချစ်ဖို့ကောင်းပါတယ်။

Twice ကြိုက်တဲ့သူတွေအတွက် “Dance The Night Away” ကို ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးကျတော့ ချစ်ဖို့ကောင်းတာထက် လှပြီးမိုက်နေတာမျိုးလေးပါ။

Mamamoo ရဲ့ “gogobebe” ကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးကတော့ ဒီဇိုင်းဆန်းပြီး ချစ်ဖို့လည်းကောင်းသလို မိုက်လည်းမိုက်ပါတယ်။

အထာကျတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ Girls’ Generation ရဲ့ “All Night” ကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

source:www.notyouraveragenails