Tattoo အသေးလေးတွေ ထိုးချင်တဲ့သူတွေနဲ့ ခရီးသွားရတာ Crazy ဖြစ်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းတဲ့ Travel Tattoo အသေးစားလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ကောင်မလေးတွေဆိုရင် သေးသေးပိစိလေးထိုးချင်ရင် လေယာဉ်ပျံပုံလေးကို လက်ချောင်းကြားလေးမှာ ထိုးလို့ရပါတယ်။ သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။
ဒီပုံလေးဆိုရင် ကောင်မလေးတွေနဲ့ ပိုလိုက်ပါတယ်။ ခြေထောက်မှာထိုးလည်း လှသလို၊ လက်မှာထိုးလည်း လှပါတယ်။
ဒီ Tattoo ဒီဇိုင်းလေးကျတော့ ကောင်လေးတွေရော၊ ကောင်မလေးတွေနဲ့ရော လိုက်ဖက်ပြီး ချစ်ဖို့ကောင်းပါတယ်။
ကိုယ်သွားချင်တဲ့နေရာလေးကို ဒီလိုလေးထိုးလို့လည်း ရပါတယ်။ အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။
လက်နှစ်ဖက်မှာ ဒီလိုလေးထိုးထားတာက ဒီဇိုင်းရော အကုန်ချစ်ဖို့ကောင်းပါတယ်။ သေးသေးလေးလည်းထိုးချင်တယ်၊ တစ်ခုထဲလည်း မထိုးချင်ဘူးဆိုရင် ဒီ Tattoo ဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။
ကိုယ်သွားချင်တဲ့နေရာ၊ မြေပုံလေးကို ဒီလိုလေယာဉ်ပုံလေးနဲ့ ထိုးတာလည်း အရမ်းမိုက်ပါတယ်။ သူများထက်ဆန်းပြီး မိုက်လည်းမိုက် ချစ်ဖို့လည်းကောင်းပါတယ်။
ရင်ဘတ်နား၊ ပခုံးနားမှာထိုးမယ်ဆိုရင် ဒီလိုဒီဇိုင်းလေးက ချစ်ဖို့ကောင်းပါတယ်။ ကောင်မလေးတွေနဲ့ အရမ်းလိုက်ပါတယ်။
လေယာဉ်ပုံကြီးပဲမထိုးချင်ရင် ဒီလိုလေးထိုးပါ။ ချစ်ဖို့ကောင်းပါတယ်။ ဒီလိုဒီဇိုင်းလေးကျတော့ ကောင်မလေးတွေ လက်မှာထိုးတာနဲ့ ပိုလိုက်ပါတယ်။
ခြေဖမိုးမှာ ဒီလိုလေးလည်း ထိုးလို့ရပါသေးတယ်။ အသားဖြူရင် ထင်းနေမယ့်ပုံစံလေးဖြစ်လို့ အရမ်းလှပါတယ်။
Tattoo ကို အရမ်းသေးတာမျိုးလည်းမကြိုက်ဘူး၊ ထင်းနေတာမျိုးလေး လိုချင်တယ်ဆိုရင် ဒီလိုမျိုးလေး ထိုးကြည့်ပါ။ မိုက်လည်းမိုက်ပါတယ်။
လေယာဉ်အပြင် ကင်မရာရယ်၊ အိတ်လေးရယ်ပါ ပါတဲ့ ဒီဇိုင်းလေးဖြစ်လို့ အရမ်းမိုက်တဲ့ Travel Tattoo လေးပါ။
Photo source:www.pinterest.com