လူကောင်သေးပေမယ့် မျက်နှာလေးပဲ ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်ပြီး၊ ပါးဖောင်းနေတဲ့ ကောင်မလေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီလိုမျက်နှာပိုင်ရှင်လေးတွေက မိတ်ကပ်ပြင်ရင် အရမ်း heavy ဖြစ်ပြီး sexy ပုံစံမျိုးနဲ့ မလိုက်ပါဘူး။ ချစ်ဖို့ကောင်းတာလေးတွေနဲ့မှ ပိုပြီးလိုက်တာပါ။ ဒါကြောင့် မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးတွေနဲ့ လိုက်ဖက်မယ့် မိတ်ကပ်ပြင်ဆင်နည်းကို မျှဝေပေးလိုက်ပါတယ်။

မိတ်ကပ်ပြင်ဖို့အတွက် skincare လိမ်းပြီးရင် sunscreen လိမ်းပါ။

အားလုံးပြီးမှ concealer နဲ့ မျက်ကွင်းညိုတဲ့နေရာ၊ ကိုယ်ဖုံးချင်တဲ့ အမဲစက်၊ ဝက်ခြံ၊ အမာရွတ်ရှိတဲ့နေရာ၊ အသားအရောင်မညီတဲ့နေရာတွေကို ဖုံးပေးပါ။

ကိုယ်လိမ်းနေကျ Foundation ကို ပါးပါးလေးပဲလိမ်းပေးပါ။ ဒီမှာတော့ Stick foundation ကို သုံးထားပါတယ်။

အဆီပြန်တဲ့သူတွေဆိုရင် oil control pressed powder ကို သုံးပေးပါ။ အဆီမပြန်ရင်တော့ ကိုယ်သုံးနေကျ powder ကိုပဲ သုံးပေးနိုင်ပါတယ်။

Contour powder ကို light gray ကာလာလေးသုံးပြီး နှာတံဖော်ပါမယ်။ မျက်ခွံပေါ်ကို နည်းနည်းခြယ်ပါမယ်။

Eyeshadow အဖြူနဲ့အညိုအဖျော့ကို ရောပြီး မျက်ခွံပေါ်ခြယ်ပေးပါ။ ရွှေရောင်အဖျော့ဘက်သွားတဲ့ glitter eyeshadow ကိုယူပြီး မျက်ခွံပေါ် ထပ်ခြယ်ပေးပါ။

အညိုအရင့်ရောင် glitter eyeshadow ကိုယူပြီး မျက်လုံးထောင့်စွန်းနဲ့ မျက်ခွံအလယ်နားလေးကို နည်းနည်းခြယ်ပေးပါ။

Gel eyeliner နဲ့ မျက်လုံးအတွင်းနားကို ကပ်ဆွဲပေးပါ။ ပြီးမှ Liquid eyeliner နဲ့ ထောင့်စွန်းလေးထွက်ပြီး ဆွဲပေးပါ။ Gel eyeliner နဲ့ မျက်လုံးအောက်နားကိုလည်း နည်းနည်းလေး ဆွဲပေးပါ။ ဒါမှ မျက်လုံးဝိုင်းဝိုင်းနက်နက်လေး ဖြစ်နေမှာပါ။

မျက်တောင်ကို ဒီတိုင်းပဲ Mascara နဲ့ကော့လိုက်လို့လည်းရသလို၊ မျက်တောင်တု ပါးပါးသေးသေးလေး တပ်မယ်ဆိုလည်း ရပါတယ်။ ဒီမှာတော့ မျက်တောင်တုလေးတပ်ထားပါတယ်။ Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပေးပါ။

မျက်ခုံးမွှေးကိုတော့ အရမ်းထူထူကြီးလည်းမဟုတ်ပဲ Natural ဆန်အောင် ဆွဲပေးပါ။

ပါးနီကိုတော့ လိမ္မော်ရောင်နုနုလေးသုံးပြီး ခြယ်ပါမယ်။

နှုတ်ခမ်းနီကိုတော့ အညိုဘက်သွားတဲ့အရောင်လေး ဆိုးထားပါတယ်။

Highlighter ကိုတော့ အဖြူချည်းပဲမဟုတ်ပဲ ပန်းရောင်နည်းနည်းပါတာလေးကို သုံးထားပါတယ်။ အဲ့တာနဲ့ ပါးရိုးနေရာ၊ နှာတံ၊ မေးစိ၊ နှာဖူးအလယ်တို့ကို နည်းနည်းခြယ်ပေးပါ။

ဒါဆိုရင်တော့ မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးတွေနဲ့ လိုက်ဖက်ပြီး ချစ်ဖို့ကောင်းတဲ့ မိတ်ကပ် look ကို ရရှိသွားပါပြီ။

source:www.minjeongpark