မျက်ကပ်မှန်တပ်တဲ့ ကောင်မလေးတွေအတွက် အရမ်းလည်း heavy မဖြစ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး primer လိမ်းပြီး ကိုယ်လိမ်းနေကျ foundation (သို့) cushion လိမ်းပါမယ်။

မျက်ကွင်းညိုတဲ့နေရာကို concealer လိမ်းပါမယ်။

Powder ကို ဒီတိုင်းပုတ်မလိမ်းပဲ brush နဲ့ယူပြီး လိမ်းပေးပါ။

နှာတံဖော်ပါမယ်။ ပြီးရင် မေးရိုးကိုလည်း contouring လုပ်ပါမယ်။

ဆံပင်ကာလာဆိုးထားရင် မျက်ခုံးမွှေးကို အညိုဘက်သွားတဲ့အရောင်နဲ့ ဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် brow mascara နဲ့ ဖြီးပေးပါ။ ဒါမှ မျက်ခုံးကပိုလှမှာပါ။

အသားအရောင် eyeshadow ကို မျက်ခွံမှာခြယ်ပြီး မျက်လုံးအောက်နားမှာလည်း နည်းနည်းခြယ်ပါမယ်။

အညိုဘက်သွားတဲ့ eyeshadow အရောင်ကို မျက်ခွံတစ်ဝက်လောက် ခြယ်ပေးပြီး မျက်လုံးအောက်နား ထောင့်လေးတွေပါ ထပ်ခြယ်ပေးပါ။

Glitter eyeshadow ကို လက်ညှိုးလေးနဲ့ပဲယူပြီး မျက်ခွံပေါ် နည်းနည်းတင်ပေးပါ။ မျက်လုံးအောက်နားလေးကိုလည်း နည်းနည်းခြယ်ပေးပါ။

Eyeliner ကို ပါးပါးလေး တစ်ကြောင်းဆွဲပါမယ်။

မျက်လုံးပြူးပြူးလေးဖြစ်ပြီး ပိုချစ်ဖို့ကောင်းသွားအောင် အောက်နားထောင့်လေးကိုလည်း eyeliner အညိုလေးနဲ့ နည်းနည်းဆွဲပါမယ်။

Mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင်ကို ကော့ပေးပါ။

မျက်လုံးအရှေ့ထောင့်နားလေးကို highlighter လေး နည်းနည်းယူပြီး သုတ်ပေးပါ။ မျက်ခုံးအောက်နားလေးကိုလည်း လက်နဲ့ပဲ ယူပြီးသုတ်ပေးပါ။

နှာခေါင်းထိပ်လေးကိုလည်း နည်းနည်းသုတ်ပေးပါ။

လိမ္မော်ဖောက်တဲ့ ပါးနီအရောင်ဖျော့ဖျော့လေးနဲ့ ပါးနီခြယ်ပါမယ်။

နှုတ်ခမ်းနီကိုလည်း အရောင်နုနုလေးပဲ ဆိုးပါမယ်။

နောက်ဆုံးမှာတော့ facial spray ဖြန်းလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ မျက်ကပ်မှန်တပ်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ makeup look လေးကို ရရှိသွားပါပြီ။