ခြေမျက်စိအထက်ရောက်တဲ့ ဘောင်းဘီအရှည်လေးတွေက ဝတ်လိုက်ရင် ချစ်ဖို့ကောင်းသွားစေပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးလွတ်လပ်မှု ရှိစေပါတယ်။ ဘာနဲ့တွဲဖက်ဝတ်ဆင်ရမလဲ စဉ်းစားနေစရာမလိုအောင် Outfit Idea လေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Jean Pant အဖြူလေးဝတ်မယ်ဆိုရင် ဒီလို Outfit လေးကို ရွေးချယ်ပါ။ ချစ်ဖို့ကောင်းသလို ဖက်ရှင်လည်းကျစေပါတယ်။ ခရီးသွားတဲ့အခါတွေမှာလည်း ဒီလိုဖက်ရှင်လေးနဲ့ အရမ်းလိုက်ပါတယ်။

ခြေမျက်စိအထက်ရောက်တဲ့ ဘောင်းဘီလေးတွေကို ဒီလို Cardigan လေးတွေနဲ့ တွဲဝတ်တာလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ကိုရီးယားမလေးတွေ ဝတ်နေကျဖက်ရှင်လေးပါပဲ။

လူငယ်ကောင်မလေးတွေဆိုရင် ဒီလိုလေး ဝတ်ကြည့်ပါ။ ပေါ့ပေါ့ပါးပါးစတိုင်လ်လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ခြေမျက်စိအထက်ရောက်တဲ့ ဘောင်းဘီလေးတွေက Tee အပွလေးတွေနဲ့ တွဲဝတ်ပြီး Sneakers လေးတွေစီးရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ထသွားထလာအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

ခြေမျက်စိအထက်ရောက်တဲ့ ဘောင်းဘီကိုမှ အမဲလေးဝတ်မယ်ဆိုရင် အဖြူရောင်အကျီလေးတွေနဲ့သာ တွဲဝတ်ပါ။ ရိုးရှင်းပြီး ချစ်ဖို့ကောင်းသလို ဝတ်ရတာလည်း အရမ်းသက်တောင့်သက်သာ ဖြစ်စေပါတယ်။

ခြေမျက်စိအထက်ရောက်တဲ့ ဘောင်းဘီလေးတွေကို ရိုးရိုးရှင်းရှင်း ဒီလို Top လေးတွေနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။

ဒီလို Outfit လေးကလည်း ချစ်ဖို့ကောင်းတဲ့ စတိုင်လ်လေး ဖြစ်စေပါတယ်။ ခရီးသွားတဲ့အခါမှာလည်း ဝတ်လို့အဆင်ပြေတဲ့ Outfit မျိုးပါ။

ခြေမျက်စိအထက်ရောက်တဲံ ဘောင်းဘီကိုမှ အထာကျကျလေးဝတ်ချင်ရင် ဒီလို Outfit မျိုးကို ရွေးချယ်ပါ။ စတိုင်လ်ကျပြီး မိုက်ပါတယ်။

ပိန်ပိန်သွယ်သွယ်လေးတွေဆိုရင် ခြေမျက်စိအထက်ရောက်တဲ့ ဂျင်းဘောင်းဘီလေးတွေကို Crop Top Tee လေးတွေနဲ့ တွဲဝတ်ပါ။ အရမ်းမိုက်သလို လှလည်းလှပါတယ်။

Photo source: www.pinterest.com