မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်ရှည်လာတိုင်း ညှပ်ပြစ်ချင်စိတ်နဲ့ အရှည်ဆက်ထားချင်တဲ့စိတ်နှစ်ခု အားပြိုင်နေတာမျိုးဖြစ်ဖူးကြလား။ တစ်ချို့တွေက ဆံပင်အရှည်တော့ ထားကြည့်ချင်ပေမယ့် ရာသီဥတုပူတာ၊ အရှည်ကို ထိန်းသိမ်းဖို့ပျင်းတာနဲ့ ပုံတုံးသလိုခံစားရတာတွေကြောင့် ရှည်လာတိုင်း ညှပ်ပြီးပုံပြောင်းတတ်ကြပါတယ်။
ဆံပင်အရှည်ထားတာရဲ့ကောင်းတဲ့အချက်အချို့က ဆံပင်ကိုလိုသလိုပုံသွင်းလို့ရသလို ဒီတိုင်းချထားလည်း မိန်းကလေးဆန်ပြီး ကျက်သရေရှိနေတတ်တာပါ။ ဆံပင်ရှည်က မျက်နှာကိုလည်း ပိုသွယ်သလိုမြင်ရတာမို့ မျက်နှာကြီးတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဆံပင်ညှပ်မိရင် နောင်တရနိုင်တဲ့ ဆံပင်ရှည်စတိုင်လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်နော်။

ဆံပင်အရှည်ကြီးကို လှိုင်းတွန့်လေးတွေကောက်ပြီး ချထားတာက သင့်ကို အရုပ်လေးတစ်ရုပ်လို လှနေစေမှာပါ။
ဆံပင်အောက်ပိုင်းအလိပ်လေးကောက်ပြီး အပေါ်က တစ်ဝက်စည်းဖဲကြိုး၊ ဖဲပြားလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ Fairy Tale တွေထဲက မင်းသမီးလေးလို ခံစားရမှာပါ။


ဒီလို Crown ကျစ်ဆံမြီးနဲ့ ဆံပင်ရှည်စတိုင်ကလည်း ဂန္တဝင်ဆန်ပြီး တည်ငြိမ်တဲ့အရှိန်အဝါမျိုးရစေပါတယ်။


ဆံပင်ရှည်ကို Highlight လေးတွေဖောက်တာက လူငယ်ဆန်ပြီး အများကြားထင်းနေစေပါတယ်။


Ponytail စည်းတာက ဆံပင်ရှည်လေပိုလှလေပါပဲ။

ရိုးရိုးအစည်း ဒါမှမဟုတ် ကျစ်ဆံမြီးလေး နှစ်ဖက်ကို အရင်းကစည်းပြီး ဘေးဘက်ထောင်ထောင်လေး ကြောင်နားရွက်ပုံစံစည်းထားတာကလည်း အရမ်းချစ်စရာကောင်းပါတယ်။


ခေါင်းစည်းကြိုးအသေးလေးတွေနဲ့ ကျစ်ဆံမြီးလို တစ်ရစ်စီစည်းထားတဲ့ပုံစံလေးလုပ်ကြည့်ပါ။ မိန်းကလေးတွေကြားခေတ်စားတဲ့ပုံစံလေးဖြစ်သလို ဆံပင်အရှည်လေးနဲ့ဆိုပိုလိုက်ပါတယ်။


ကျစ်ဆံမြီးအသေးလေးကို ဆံထုံးပုံအပေါ်တင်ပြီး တစ်ဝက်စည်းတစ်ဝက်ချပုံစံလေးထားတာကလည်း ဆံပင်ရှည်သူ၊ အုံထူတဲ့သူတွေနဲ့ အရမ်းလိုက်ဖက်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar