လက်သည်းနီဆိုးရင် ကာလာရင့်တာက လက်ပေါ်လွင်စေပေမယ့် ကာလာနုနုလေးတွေကျတော့ ပိုပြီးလူငယ်ဆန်စေပါတယ်။ ဒါကြောင့် လူငယ်ကောင်မလေးတွေနဲ့ ကာလာနုနုလေးကြိုက်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပန်းရောင်နုနုလေးနဲ့ အဖြူကိုစပ်ပြီး ပုံဖော်ထားတာဖြစ်လို့ အရမ်းလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

အရောင်အနုတွေကြားထဲမှာမှ အစိမ်းရောင်အရင့်ကိုထည့်ပြီး ပုံဖော်ထားတာဖြစ်လို့ ပေါ်လွင်နေစေပါတယ်။

ဖက်ရှင်ကျပြီး ချစ်ဖို့ကောင်းနေမယ့် ကာလာစုံ လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းအတိုလေးတွေနဲ့ဆို ပိုတောင်ချစ်ဖို့ကောင်းနေမှာပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။

ကာလာနုနုလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးဖြစ်လို့ လက်သည်းအရှည်၊ အတို အကုန်လုံးနဲ့ကို လိုက်ဖက်ပါတယ်။

အစိမ်းနုလေးနဲ့ ခရမ်းနုလေးကို စပ်ပြီးပုံဖော်ထားတာ မြင်နေကျပုံစံနဲ့မတူပဲ တစ်မျိုးဆန်းပါတယ်။ ဒီဇိုင်းကတော့ ကိုယ်တိုင်တောင် အလွယ်တကူပုံဖော်လို့ရတဲ့ ဒီဇိုင်းမျိုးပါ။

ခရမ်းရောင်ကြိုက်တဲ့သူတွေအတွက် မိန်းကလေးဆန်ဆန်နဲ့ လှနေစေမယ့် လက်သည်းဒီဇိုင်းလေးပါ။

အရမ်းချစ်ဖို့ကောင်းတဲ့ ကာလာစုံ ဒီဇိုင်းစုံ လက်သည်းဒီဇိုင်းလေးပါပဲ။ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

Matte ဆိုးပြီး ပုံဖော်ရင် အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရောင်လေးတွေကအစ နုနုလေးတွေကိုစပ်ထားတာပါ။

အရောင်နုလေးတွေအပြင် ကြည့်လိုက်တာနဲ့ ထင်းနေမယ့်အရောင်လေးတွေပါ ထည့်ထားလို့ တစ်မျိုးဆန်းပြီး ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။

အစိမ်းနဲ့ မိုးပြာလေးကို စပ်ပြီးပုံဖော်ဆိုးထားတာ ရှင်းရှင်းလေးနဲ့ အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လက်သည်းအတို အရှည် အားလုံးနဲ့ လိုက်ဖက်ပါတယ်။

Photo source:www.pinterest.com