တီရှပ်လေးတွေဝတ်ရတာက အရမ်းပေါ့ပါးပြီး ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဘယ်လိုရာသီဥတုမျိုးနဲ့မဆိုလည်း လိုက်ဖက်ပါသေးတယ်။ ဒါကြောင့် လူငယ်ကောင်မလေးတွေအတွက် တီရှပ်လေးတွေနဲ့တွဲပြထားတဲ့ ချစ်ဖို့ကောင်းတဲ့ ကိုရီးယား outfit ideas တွေကို မျှဝေပေးလိုက်ပါတယ်။ ကိုရီးယားဖက်ရှင်လေးတွေကိုကြိုက်တဲ့ ကောင်မလေးတွေဆိုရင်တော့ သဘောကျမှာသေချာပါတယ်။

တီရှပ်အနက်ရောင်ဆိုရင် လူတိုင်းမှာရှိတယ်လို့ ပြောလို့ရပါတယ်။ တီရှပ်အနက်ကို ဂျင်းဘောင်းဘီတိုလေးနဲ့ တွဲပြီး ဒီမှာပြထားသလိုလေး ဝတ်မယ်ဆိုရင်တော့ ကိုရီးယားမလေးတွေလို ချစ်ဖို့ကောင်းနေမှာပါ။

တီရှပ်အနက်ရောင်လေးကို စကပ်အတိုလေးနဲ့လည်း ဒီမှာပြထားသလို တွဲဝတ်ကြည့်ပါ။ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

တီရှပ်အဖြူလေးဆိုလည်း တော်တော်များများမှာရှိပါတယ်။ တီရှပ်အဖြူလေးကိုဝတ်မယ်ဆိုရင် ဒီမှာပြထားသလိုလေး တွဲဝတ်ကြည့်ပါ။ အရမ်းပေါ့ပါးမယ့် outfit idea လေးပါပဲ။

ကိုရီးယားဖက်ရှင်လေးတွေကိုကြိုက်တဲ့ ကောင်မလေးတွေမှာ tennis skirt လေးတွေရှိတတ်ပါတယ်။ tennis skirt အဖြူလေးဆိုရင် တီရှပ်အရောင်လေးတွေနဲ့တွဲဝတ်ပြီး ဒီမှာပြထားသလို ချစ်စရာကောင်းတဲ့ ရှူးဖိနပ်လေးတွေစီးကြည့်ပါ။

တီရှပ်ဗြောင်လေးနဲ့ ဂျင်းဘောင်းဘီအတိုလေးကို တွဲဝတ်မယ်ဆိုရင် ဒီမှာပြထားသလို outfit idea မျိုးလေး ဝတ်ကြည့်ပါ။

 

တီရှပ်အစင်းလေးတွေဆိုလည်း ဝတ်လို့အရမ်းကောင်းပါတယ်။ စကပ်ဗြောင်လေးတွေ၊ အထူးသဖြင့် အနက်ရောင်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ဒီမှာပြထားတဲ့ outfit လေးဆို အရမ်းချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။

စကပ်အကွက်လေးတွေကိုလည်း တီရှပ်လေးတွေနဲ့တွဲဝတ်ရင် ချစ်ဖို့ကောင်းတာကြောင့် ဒီ outfit idea လေးကိုလည်း သဘောကျမယ်လို့ ထင်ပါတယ်။

photo source:www.pinterest.com