ဓာတ်ပုံရိုက်ရတာ၊ Mirror Selfie ရိုက်ရတာ ဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေအတွက် ကိုရီးယားမလေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ Mirror Selfie ရိုက်နည်းပို့စ်တွေကို မျှဝေပေးလိုက်ပါတယ်။
အခန်းထဲမှာမှန်ရှိရင် ခုံလေးနဲ့ ဒီလိုထိုင်ပြီး Mirror Selfie ရိုက်ကြည့်ပါ။ ပို့စ်အသစ်လေးနဲ့ မိုက်ပါတယ်။
စကပ်အတိုလေးဝတ်ပြီး မှန်ရှေ့မှာ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးရိုက်ကြည့်ပါ။ ကိုရီးယားမလေးတွေ ရိုက်နေကျပုံစံမျိုးဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။
ပို့စ်သိပ်မပေးတတ်လည်း မပူပါနဲ့။ မှန်ရှေ့မှာ Mirror Selfie ဆွဲရင် ဒီလိုလေး လက်နှစ်ချောင်းထောင်ပြီး ပို့စ်ပေးပါ။ ချစ်ဖို့ကောင်းပါတယ်။
ဖက်ရှင်အပြည့်ဝတ်ပြီး မှန်ရှေ့မှာ ဒီလိုလေးထိုင်ပြီး Mirror Selfie ရိုက်ကြည့်ပါ။ ကိုယ့်ဖက်ရှင်လည်း အကုန်ပေါ်သလို ချစ်ဖို့လည်းကောင်းပါတယ်။
ဘောင်းဘီရှည်လေးဝတ်ထားရင် ခုံမှာဒီလိုလေးထိုင်ပြီး Mirror Selfie ရိုက်လို့လည်းရပါတယ်။ ပုံစံတစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။
ဒီပုံစံလေးဆိုရင် Winter Mood လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ပို့စ်လည်းထွေထွေထူးထူးလုပ်စရာ မလိုပါဘူး။ အရမ်းလွယ်ပါတယ်။
ဖက်ရှင်အပြည့်ပေါ်အောင် ခုံမှာထိုင်ပြီး ဒီလိုလေးလည်း ပို့စ်ပေးရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ ပုံကောင်းတစ်ပုံထွက်လာမှာ သေချာပါတယ်။
မတ်တပ်ရပ်ပြီး တစ်ကိုယ်လုံးပုံ Mirror Selfie ရိုက်မယ်ဆိုရင် လွယ်လွယ်ကူကူ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။
အရမ်း Cute ဖြစ်တာမျိုးမကြိုက်ရင် ဒီလိုလေးထိုင်ပြီး Mirror Selfie ရိုက်ကြည့်ပါ။ အထာကျတဲ့ပုံစံလေးနဲ့ မိုက်ပါတယ်။
တစ်ကိုယ်လုံးပုံရိုက်ရင် အိတ်ကိုစလွယ်သိုင်းပြီး ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။
ဒီလိုလက်ဖဝါးတစ်ဖက်ထောင်ပြထားတဲ့ ပို့စ်တွေဆိုရင် ကိုရီးယားမလေးတွေရဲ့ ပင်တိုင်ပို့စ်ပါပဲ။ Mirror Selfie ရိုက်ရင် ဒီလိုပို့စ်လေးက အရမ်းချစ်ဖို့ကောင်းပါတယ်။
photo source:www.pinterest.com