ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ်လေးတွေ ဝတ်ရတာကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ကိုရီးယားဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလိုဘောင်းဘီအပွလေးတွေကို ကြိုးတစ်လုံးနဲ့တွဲဝတ်ပြီး အပေါ်ကနေ ဒီလိုအပေါ်ထပ်လေးတွေ ထပ်ဝတ်တာက ကိုရီးယားမလေးတွေ ဝတ်နေကျ စတိုင်လ်မျိုးလေးပါ။ အရမ်းလည်းချစ်ဖို့ကောင်းပြီး နေရာတိုင်းနဲ့လည်း လိုက်ဖက်တဲ့ပုံစံလေး ဖြစ်ပါတယ်။

ဂျင်းဘောင်းဘီလေးကို ဒါမျိုးတွဲဝတ်တာဆိုရင် ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းတဲ့အပြင် ဖက်ရှင်လေးကလည် သူများနဲ့မတူပဲ ဆန်းစေပါတယ်။ လုံလုံခြုံခြုံနဲ့ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးဖြစ်လို့ ရုံးသွားဝတ်မယ်ဆိုရင်တောင် အဆင်ပြေပါတယ်။

မိုးရာသီတို့၊ ဆောင်းရာသီတို့မှာဆိုရင် ဂါဝန်လေးနဲ့ အပေါ်ထပ် လှလှလေးတွေ တွဲဝတ်ပြီး ရှိုးထုတ်လို့ရပါတယ်။ အရမ်းချစ်ဖို့ကောင်းပြီး ကိုရီးယားဆန်တဲ့ ဖက်ရှင်လေးဖြစ်တာကြောင့် ခရီးသွားရင်လည်း လိုက်ဖက်မှုရှိစေပါတယ်။

ဂါဝန်လက်ရှည်လေးတွေ ဝတ်ဖြစ်တယ်ဆိုရင် အပေါ်ကနေ လက်ပြတ် vest လေးတွေကို ဒီလိုလေး ထပ်ဝတ်ကြည့်ပါ။ ကိုရီးယားဆန်ပြီး ပိုချစ်ဖို့ကောင်းသွားစေပါတယ်။

ဂါဝန်အရှည်လေးတွေကို အပေါ်ကနေ လက်ပြတ်၊ ကြိုးတစ်လုံး top လေးတွေ ထပ်ဝတ်တာလည်း ဖက်ရှင်တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီလိုဖက်ရှင်စတိုင်လ်လေးဆိုရင် ကိုရီးယားမလေးတွေ ဝတ်နေကျ ဖက်ရှင်လေးဖြစ်ပြီး လုံးဝကို ပေါ့ပါးတဲ့ freestyle ပုံလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ မိုးတွင်းနဲ့ဆောင်းတွင်းမှာ ဝတ်လို့အကောင်းဆုံးပါပဲ။

ဂါဝန်တိုလေးတွေဝတ်ပြီး ခြေအိတ်လေးနဲ့ ဒီလိုလေး တွဲဖက်ဝတ်ဆင်ထားမယ်ဆိုရင်တော့ ကိုရီးယားပိုဆန်ပြီး ပိုပြီးတော့လည်း ချစ်ဖို့ကောင်းပါတယ်။

ခြေတံရှည်ရှည်သွယ်သွယ်လေးတွေဆိုရင် ကိုရီးယားမလေးတွေဝတ်တဲ့ ဒီလိုဘောင်းဘီလေးတွေနဲ့ လိုက်ပါတယ်။ ပေါ့ပါးလွတ်လပ်တဲ့ပုံစံလေးတွေကို သဘောကျတယ်ဆိုရင် ဒီဖက်ရှင်စတိုင်လ်လေးကိုလည်း try ကြည့်ကြည့်ပါ။

ဒီလိုစကပ်အရှည်လေးတွေဆိုရင် တော်တော်များများက အင်္ကျီကိုယ်ကျပ်လေးတွေ၊ တီရှပ်လေးတွေနဲ့ပဲ တွဲဝတ်ကြတာ များပါတယ်။ ကိုရီးယားမလေးတွေဝတ်သလို ဒီလိုအင်္ကျီအပွလေးတွေနဲ့ တွဲဝတ်တာလည်း လိုက်ဖက်ပါတယ်။ ၂၅ နှစ်အထက်တွေနဲ့ဆို ပိုတောင်လိုက်ပါသေးတယ်။

Body fit လို dress အရှည်လေးတွေဝတ်မယ်ဆိုရင် ဒေါက်ဖိနပ်မစီးပဲ sneakers စီးတာက ကိုရီးယားဖက်ရှင်လေး ပိုဖြစ်စေပါတယ်။ ဦးထုပ်လေးဆောင်လိုက်ရင်တော့ perfect ဖြစ်သွားမှာပါ။

photo source:www.pinterest.com