လက်သည်းနီ အရောင်လှလှလေးတွေက သင့်စိတ်ကို ပိုပျော်ရွှင်စေပါတယ်။ သင့်ယုံကြည်မှုကိုလည်း ပိုတိုးစေပြီး ရွေးချယ်တဲ့အရောင်အလိုက် သင့် Mood ကိုပါ ပြောင်းလဲစေပါတယ်။ က်ိုယ်ပုံစံအလိုက် ကိုယ် ကြိုက်တဲ့ လက်သည်းနီပုံစံကို ရွေးချယ်နိုင်တာကလည်း ပျော်ရွှင်စရာ ကိစ္စတစ်ခုပါပဲ။ ဒီတစ်ခေါက်မှာတော့ လက်သည်းရှည် မထားတဲ့ ကောင်မလေးတွေအတွက် ရည်ရွယ်ပြီး လက်သည်းနီ ပုံစံတွေကို ဖော်ပြပါရစေ။

ဒီလက်သည်းနီပုံစံတွေက ကိုးရီးယားမလေးတွေ အဆိုးများတဲ့ ပုံစံတွေ ဖြစ်ပြီး သင်က Nail Salon ရောက်ရင် ဆိုးပေးဖို့ Request သင့်တဲ့ ပုံစံတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

သင့်တစ်နေ့တာကို Bright ဖြစ်စေကာ ပျော်ရွှင်စေမယ့် လက်သည်းနီ ပုံစံ

ဗီတာမင်စီ ပါဝင်တဲ့ အသီးတွေက သင့်ကို နဂိုထက် ပို Fresh ဖြစ်စေပါတယ်။ ဒီလိုပဲ Lemon, Lime ပုံစံ လက်သည်းနီက သင့်တစ်နေ့တာကို ပို Fresh ဖြစ်စေမှာပါ။

Bee ဆိုတဲ့ စကားလုံးကို နှစ်သက်တဲ့ ကောင်မလေးတွေ ဆိုးသင့်တဲ့ အရောင်

ရေလှိုင်းတွေ ကြားထဲ ကူးခတ်နေရတဲ့ ရေသူမလေးလို ခံစားရစေမယ့် လက်သည်းနီပုံစံ

Aesthetic Nail ပုံစံမျိုး နှစ်သက်တဲ့ ကောင်မလေးတွေအတွက်

အကောင်းမြင်စိတ်များတဲ့ ကောင်မလေးတွေ ဆိုးနိုင်တဲ့ ပန်းပုံစံ လက်သည်းနီ

အရောင်ပိတ် သဘောကျတဲ့ ကောင်မလေးတွေအတွက်

ပန်းရောင် ပါဝင်တဲ့ အရောင်နုနုလေးကို သဘောကျတယ်ဆိုရင်တော့ ဒီပုံစံလေး ဆိုးကြည့်သင့်ပါတယ်။

အရောင်တွေက လူတစ်ယောက်ရဲ့ စိတ်ကို လှည့်စားနိုင်ပါတယ်။ ဒိပုံစံက မပျော်တဲ့ သင့်စိတ်ကိုတောင် ပျော်သွားစေမယ့် Colorful Nail Art ပါ။

သပ်သပ်ရပ်ရပ်ရှိပြီး ခရမ်းရောင် နှစ်သက်တဲ့ ကောင်မလေးတွေအတွက်

အဖြူရောင်ကို ပိုဦးစားပေးထားတဲ့ ပုံစံ

Flower Trend ကို လိုက်ချင်တဲ့ ပျိုမေတို့ နှစ်သက်မယ့် လက်သည်းနီ ဒီဇိုင်း

အစိမ်းရောင်နဲ့ ပန်းရောင်ကို နှစ်သက်တယ်ဆိုရင် ဒီပုံစံလေးက အဆင်ပြေမှာပါ။

ဘာတွေပဲ ဖြစ်လာပါစေ အမြဲ ပြုံးနေတဲ့ မိန်းကလေးတွေအတွက်

Photo source: Pinterest

By MyStyle Myanmar