ပြင်ဆင်ထားတာက အရမ်းလည်း heavy မဖြစ်ပဲ ချစ်ဖို့ကောင်းနေဖို့အတွက် ဒီတစ်ခါမှာတော့ Japanese makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

မျက်ကွင်းညိုတဲ့နေရာ၊ နှာခေါင်းကြားနဲ့ နှုတ်ခမ်းနားလေးတွေက မဲတတ်လို့ အဲ့နေရာလေးတွေကိုပါ concealer လိမ်းပေးပါ။

ပြီးမှ ကိုယ်လိမ်းနေကျ foundation (သို့) cushion ကို လိမ်းပါမယ်။

Eyebrow mascara နဲ့ မျက်ခုံးမွှေးကို အရင်ဖြီးပါမယ်။ ပြီးမှ မျက်ခုံးမွှေးကို လိုက်ဖြည့်ဆွဲပါမယ်။ Natural look လေးဖြစ်အောင် eyebrow mascara နဲ့ မျက်ခုံးမွှေးဆွဲတံကို အညိုဘက်သွားတာလေး သုံးပါမယ်။

အသားဆောင်တဲ့ peach color eyeshadow ကို မျက်ခွံမှာ ခြယ်ပေးပါ။

မျက်လုံးအောက်နားလေးကိုပါ ခြယ်ပါမယ်။

ပန်းရောင်အရင့်ဘက်သွားတဲ့ eyeshadow color ကို မျက်ခွံပေါ် ထပ်ခြယ်ပါမယ်။ ဒါပေမယ့် မျက်ရစ်အထက်ထိရောက်အောင် မခြယ်ရပါဘူး။

Glitter ပါတဲ့ အညိုရောင် (သို့) ရွှေရောင် eyeshadow color ကိုတော့ မျက်လုံးအောက်နားလေးမှာ နည်းနည်းခြယ်ပါမယ်။

Eyeliner ကို ပါးပါးလေး ဆွဲပေးပါ။ ဘေးနားကို အစွန်းလေးထွက်အောင် ဆွဲပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အပေါ်မျက်တောင်ရော အောက်မျက်တောင်ရော ကော့ပေးပါ။

ပါးနီကို လိမ္မော်ရောင်လေး ခြယ်ပါမယ်။ ပါးမို့နေရာလေးမှာ ခြယ်ပေးပါ။

နှာတံလေးထင်းနေအောင်လို့ နှာတံဖော်ပါမယ်။ အညိုရောင် (သို့) အသားရောင် eyeshadow, contour palette စတာတွေ သုံးလို့ရပါတယ်။

အညိုရောင် eyeshadow ကို မျက်လုံးအောက်နားမှာ နည်းနည်းထပ်ခြယ်ပါမယ်။ ဒါမှ မျက်လုံးက ပိုဝိုင်းပြီး ထင်းနေမှာပါ။

နှုတ်ခမ်းနီကိုလည်း လိမ္မော်ဖောက်တဲ့အရောင်လေးပဲ ဆိုးပါမယ်။

ဒါဆိုရင်တော့ အရမ်းချစ်ဖို့ကောင်းတဲ့ Japanese makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။