လက်သည်းဆိုးရင် အသည်းပုံလေးတွေပုံဖော်ရတာကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ အသည်းပုံလက်သည်းဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရှုပ်ယှက်ခက်နေတာမျိုးလည်းမဟုတ်ပဲ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတာကြောင့် တော်တော်များများလည်း သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

ပန်းနုရောင်ကြိုက်တဲ့ကောင်မလေးတွေဆိုရင် ပန်းနုရောင်လေးဆိုးပြီး အသည်းပုံကို အနီရောင်သေးသေးလေး ပုံဖော်တာမျိုး လုပ်လို့ရပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် မိန်းကလေးဆန်ပြီး ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

လက်သည်းနီအဖြူရောင်လေးဆိုးပြီး ထိပ်မှာမှ အသည်းပုံကို ဒီလိုတစ်စောင်းလေးလည်း ပုံဖော်လို့ရပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းရှည်မထားတဲ့သူ၊ လက်သည်းအချွန်မထားတဲ့သူတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

အရောင်စပ်ဆိုးပြီး ဒီလိုလေးတွေလည်း ပုံဖော်လို့ရပါသေးတယ်။ ဒီလက်သည်းဒီဇိုင်းလေးတွေဆိုရင်လည်း ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေ ပိုပြီးကြိုက်မယ်လို့ ထင်ပါတယ်။

ဒီဇိုင်းနည်းနည်းဆန်းတာလေး ပုံဖော်ချင်ရင်တော့ အသည်းပုံကိုမှ ဒီလိုမျိုးလေး ပုံဖော်လို့ရပါတယ်။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့အပြင် မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပါတယ်။ ဒါ့အပြင် ဘယ်လိုလက်သည်းပုံစံနဲ့ပဲဖြစ်ဖြစ်လည်း လိုက်ဖက်ပါတယ်။

ပန်းရောင်နဲ့အနက်ရောင်တွဲရင် အရမ်းလိုက်ဖက်ပြီးလှတာကြောင့် ဒီလိုဒီဇိုင်းလေးလည်း ပုံဖော်ကြည့်သင့်ပါတယ်။ ပုံဖော်ထားတဲ့ဒီဇိုင်းလေးကလည်း အရမ်းချစ်ဖို့ကောင်းတာကြောင့် မိန်းကလေးတော်တော်များများ ကြိုက်မှာပါ။

အညိုရောင်လေးကြိုက်ရင်တော့ အသည်းပုံကို ဒီလိုလေးပုံဖော်ကြည့်ပါ။ ဒီလက်သည်းဒီဇိုင်းလေးကျတော့ လက်သည်းအချွန်ထားတဲ့သူတွေနဲ့ ပိုပြီးလိုက်ပါတယ်။

အရောင်ငြိမ်တာ၊ အရောင်ဖျော့တာလေးကြိုက်ရင် ဒီအရောင်လေးဆိုးပြီး အသည်းပုံကို အနက်ရောင်လေး ပုံဖော်ကြည့်ပါ။

ပန်းရောင်လေးကြိုက်ရင် ဒီလိုလေးလည်း ပုံဖော်လို့ရပါသေးတယ်။ Glitter လေးလည်းဆိုးထားတာကြောင့် ပိုပြီးလှသွားသလို လက်လည်းပိုပေါ်သွားစေပါတယ်။

Photo source: www.pinterest.com