လက်သည်းကို ကိုယ်တိုင်ပုံဖော်ချင်သူများအတွက် သွားကြားထိုးတံကိုသုံးပြီး အလွယ်တကူပုံဖော်လို့ရမယ့် ချစ်ဖို့ကောင်းတဲ့ Halloween လက်သည်းဒီဇိုင်း ပုံဖော်နည်းကို မျှဝေပေးလိုက်ပါတယ်။ လက်ငြိမ်ရင်တော့ ပုံဖော်ရတာ ပိုပြီးလွယ်ကူမယ်လို့ ထင်ပါတယ်။

အရင်ဆုံး လက်မကိုပုံဖော်ဖို့အတွက် ခရမ်းရောင်လေး ဆိုးထားပေးပါ။ ပြီးရင်တော့ အဝါရောင်ကို သွားကြားထိုးတံနဲ့ယူပြီး ပုံမှာ တစ်ဆင့်ချင်းစီပြထားတဲ့အတိုင်း အရာလေးတွေပေးပြီး ဆွဲပါမယ်။ ပြီးမှ အထဲကို လက်သည်းနီလိုက်ဖြည့်ပါမယ်။ ပြီးရင်တော့ top coat ထပ်ဆိုးပေးလိုက်ရုံပါပဲ။

လက်ညှိုးကိုပုံဖော်ဖို့အတွက် လက်သည်းနီအမဲ အရင်ဆိုးပေးပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း အောက်နားကို နည်းနည်းချန်ပြီး ခရမ်းရောင်ထပ်ဆိုးပေးပါ။ အောက်နားအလယ်ခေါင်မှာ လက်သည်းနီအမဲ တစ်စက်ချပေးပြီး ပုံမှာပြထားတဲ့အတိုင်း သွားကြားထိုးတံနဲ့ ဘေးနှစ်ဖက်ကိုဆွဲပြီး ဂျိုပုံလေးဖော်ပေးပါ။ ပုံဖော်လို့ပြီးရင် top coat ထပ်ဆိုးပေးပါ။

လက်ခလယ်ကိုပုံဖော်ဖို့အတွက် ခရမ်းပြာရောင်လေး အရင်ဆိုးပေးပါ။ ခဲရောင်ကို ပုံမှာပြထားတဲ့အတိုင်း ထပ်ဆိုးပေးပါ။ ပြီးရင်တော့ အဖြူရောင်ကို ထပ်ဆိုးပေးပါ။ လက်သည်းထိပ်မှာ အစိမ်းနုရောင်လေး နည်းနည်းဆိုးပေးပါ။ အမဲရောင်ကို သွားကြားထိုးတံနဲ့ယူပြီး အဖြူရောင်ပေါ်မှာ + ပုံလေး ဆွဲပေးပါ။ အဝါရောင်ကို သွားကြားတိုးတံနဲ့ယူပြီး ပုံထဲကအတိုင်း အစက်သေးသေးလေးတွေ လိုက်ချပေးပါ။ နောက်ဆုံးမှာတော့ top coat ဆိုးပါမယ်။

လက်သန်းကြွယ်မှာ အဖြူရောင်ဆိုးပေးပါ။ လက်သည်းထိပ်ကို ပုံမှာပြထားတဲ့အတိုင်း အမဲရောင်ကို အတွန့်လေးဖြစ်အောင် ဆိုးပေးပါ။ ပန်းရောင်ကို သွားကြားထိုးတံနဲ့ယူပြီး အလုံးလေး ၂ လုံး ဆွဲပါမယ်။ အပေါ်မှာ အမဲရောင်အစက်လေးချပါမယ်။ ပြီးရင် အလယ်မှာ ပြုံးနေတဲ့ပုံစံလေး ဆွဲပါမယ်။ ဆွဲလို့ပြီးရင် top coat ဆိုးပေးလိုက်ရုံပါပဲ။

လက်သန်းကိုတော့ လက်မမှာဆိုးထားတဲ့အရောင်ပဲ ပြန်ဆိုးပေးပါ။ ပြီးရင် အလယ်ခေါင်မှာ လက်သည်းနီအဖြူရောင်ကို ပုံမှပြထားတဲ့အတိုင်း ဆိုးပေးပါ။ သွားကြားထိုးတံနဲ့ သေချာပုံဖော်ပေးလည်း ရပါတယ်။ ဘေးဘက်တွေမှာ အစက် ၂ စက်စီ ချပေးပြီး ပုံထဲကအတိုင်း အချောင်းသေးသေးလေး ဆွဲပေးပါ။ ပြီးရင် အလယ်မှာ အမဲရောင်နဲ့ အစက်လေး ၃ စက်ချပေးပါ။ အားလုံးပြီးရင် top coat ထပ်ဆိုးပါမယ်။

ဒါဆိုရင်တော့ ချစ်ဖို့ကောင်းတဲ့ Halloween လက်သည်းဒီဇိုင်းလေးကို ပုံဖော်ပြီးသွားပြီပဲ ဖြစ်ပါတယ်။

source:www.cutepolish