နာမည်ကျော် တချို့မှာ ထူးခြားတဲ့ ဆံပင်စတိုင်တွေ ရှိတတ်ပါတယ်။ ဥပမာ- Ariana Grande ရဲ့ ဆံပင်တစ်ဝက် အမြင့်စည်းတဲ့ စတိုင်မျိုးပါ။

ဆံပင်အရှည်ကို ဒီအတိုင်း ချထားတာက တချို့မိန်းကလေးတွေအတွက် လှပေမယ့် တချို့အတွက်ကျတော့ ပုံစံလေး တစ်မျိုး ဆန်းသစ်လိုက်မှ ထူးခြားသွားတာမျိုး ရှိပါတယ်။ သင့်အနေနဲ့လည်း ဆံပင်ကို ဒီအတိုင်းပဲ အမြဲမချထားဘဲ ဆံပင်စတိုင် အမျိုးမျိုး ပြောင်းကြည့်သင့်ပါတယ်။ ဒီလိုပြောင်းလဲရင်းနဲ့ သင်နဲ့ လုံးဝထူးခြားသွားတဲ့ ဆံပင်စတိုင် တွေ့မလာနိုင်ဘူးလို့ ပြောမရပါဘူး။

ဒီတစ်ခေါက်မှာတော့ သင့်ပုံစံကို ပိုလှပြီး ပိုထူးခြားသွားစေမယ့် ဆံပင်စတိုင် အိုင်ဒီယာတွေကို ဖော်ပြပါရစေ။

ဆံပင်အရှည်ကို ကျစ်ဆံမြီး သေးသေးလေးတွေ ကျစ်တာ။

ရှေ့ဆံပင် နှစ်ဘက်ကို ကျစ်ဆံမြီးကျစ်ကာ ကျန်နောက်ဘက်က ဆံပင်ကိုပါ ကျစ်ဆံမြီးလေး ကျစ်လိုက်ရင် သင့်မျက်နှာကို ပိုသွယ်သွားစေပါတယ်။

ကိုယ်ဝတ်တဲ့အင်္ကျီအရောင်ကို ပံ့ပိုးပေးတဲ့ အရောင် ဘီးကုတ်တွေကလည်း အဖော်မွန်ပါပဲ။

ရောင်စုံကလစ်လေးတွေကလည်း ကိုယ့်ပုံစံကို ထူးခြားစေမယ့် အကူကိရိယာတွေပါ။ ကိုယ့်စိတ်ကူးအလိုက် အရောင်လေးတွေကို ချစ်စရာကောင်းအောင် စပ်ကြည့်နိုင်ပါတယ်။

Messy Bun ကိုမှ ဆံပင်နဲ့ ပြန်စည်းနိုင်သလို အပေါ်က အရောင် ခေါင်းစည်းကြိုးကလည်း ထူးခြားစေပါလိမ့်မယ်။

ကျစ်ဆံမြီးနှစ်ဘက် စည်းတာကို ပိုထူးခြားသွားအောင် ကိုယ်သုံးတဲ့ ခေါင်းစည်းကြိုး အရောင်ကို သတိထားသင့်ပါတယ်။ အင်္ကျီအရောင်နဲ့ တူတဲ့ ခေါင်းစည်းကြိုးနဲ့ စည်းပေးသင့်ပါတယ်။

ဆံပင်အရှည်ကို ဒီအတိုင်းချပြီး ကျစ်ဆံမြီးကို ထင်ရှားအောင် ကျစ်ပေးတာက ကိုယ့်ကိုယ်ပိုင်ဆံပင်နဲ့ပဲ Accessories ဖန်တီးသလို ဖြစ်သွားပါတယ်။

Photo Source: Pinterest

By MyStyle Myanmar