လူငယ်ကောင်မလေးတွေက သူများထက်ပိုပြီး ဆံပင်အရှည်လေးတွေကို ပြင်ဆင်ရတာ သဘောကျမယ်လို့ ထင်ပါတယ်။ ဒါကြောင့် လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ချစ်ဖို့လည်းကောင်းတဲ့ ဆံပင်ပြင်ဆင်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။

ကျစ်ဆံမြီးကို ဒီလိုလေးနှစ်ဖက်ကျစ်တာမျိုးကတော့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ရိုးရိုးကျစ်တာထက် ဒီလိုလေးကျစ်တာက ပိုလူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

Jisoo ကလစ်လို့ခေါ်ကြတဲ့ ဒီကလစ်လေးတွေကို ဒီလိုနှစ်ဖက်တပ်ပြီး အရှေ့ဆံပင်လေး နည်းနည်းချလိုက်ရင် မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းသွားစေပါတယ်။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင်လည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

ဆံပင်ကိုဒီတိုင်းချထားမယ်ဆိုရင်တောင် ကျစ်ဆံမြီးကို ဘီးကုတ်ကုတ်ထားသလိုလေး ပြင်ဆင်ကြည့်ပါ။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီဆံပင်ပြင်ဆင်ပုံလေးက အရှေ့ဆံစလေးတွေချရင် ပိုချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေအတွက် အရမ်းလိုက်ဖက်ပါတယ်။

လူငယ်ကောင်မလေးတွေနဲ့မှလိုက်ဖက်တဲ့ ဆံပင်ပုံစံလေးပါ။ သွက်လက်ပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေး ဖြစ်စေပါတယ်။

နှစ်ဖက်ခွဲပြီး ဒီလိုဆံထုံးလေးထုံးပြီး ပြင်ဆင်တာမျိုးကလည်း အရမ်းချစ်ဖို့ကောင်းလို့ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

ဆံပင်တစ်ဝက်စည်းတာက လှပတဲ့ ဆံပင်ပြင်ဆင်ပုံမျိုးပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းချင်ရင်တော့ ဒီလိုတစ်ဝက်အမြင့်လေး စည်းကြည့်ပါ။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် ဆန်းပြီးချစ်ဖို့ကောင်းပါတယ်။ အဓိကက ကလစ်လေးတပ်လိုက်လို့ပါ။

ဒါကတော့ လုံးဝကို Cute Type ဖြစ်ပြီး ချစ်ဖို့ကောင်းနေမယ့် ဆံပင်ပြင်ဆင်ပုံလေးပါပဲ။

ဆံထုံးအမြင့်လေးထုံးမယ်ဆိုရင် ဒီလိုခေါင်းစည်းကြိုးလေးနဲ့ စည်းကြည့်ပါ။ ပိုပြီးလူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com