လူကောင်သေးတဲ့ ကောင်မလေးတွေက Cute Type လေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။ ဒါကြောင့် လူကောင်သေးသေးလေးတွေအတွက် လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ရှည်တယ်ဆိုရင် အမြဲတမ်း ဆံပင်ချလိုက်၊ စုစည်းလိုက်ပဲ ပြင်ဆင်နေတာမျိုးမလုပ်ပဲ ဒီလိုဆံပင်ပုံစံလေးတွေလည်း ပြင်ကြည့်ပါ။

ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်ပြီးရင် ဒီတိုင်းမထားပဲ ဒီလိုကလစ်လှလှလေးတွေ တပ်ကြည့်ပါ။ လူငယ်ဆန်ပြီး ပိုချစ်ဖို့ကောင်းသွားပါတယ်။

ဆံပင်ကို ဆံထုံးအမြင့်လေးထုံးမယ်ဆိုရင်လည်း ပိုချစ်ဖို့ကောင်းသွားအောင် ထိပ်နားမှာ ကလစ်လေးတွေတပ်ကြည့်ပါ။

ဒီဘီးကုတ်လေးတွေတပ်တာဆိုရင် အရမ်းချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။

ဒီလိုကလစ်လေးတွေတပ်တာမျိုးကလည်း အခုနောက်ပိုင်းမှာ ပြန်ခေတ်စားလာတဲ့ ပုံစံလေးဖြစ်တာကြောင့် ပြင်ကြည့်ပါ။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ကျစ်ဆံမြီးကို ဒီလိုတစ်ဖက်တည်း ကျစ်ပြီးရင်လည်း ကလစ်လေးတပ်လိုက်ပါ။ ပိုပြီး လူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းပါတယ်။

ဆံပင်ကိုနှစ်ဖက်ခွဲပြီး ဆံထုံးလိုမျိုးလေးထုံးလိုက်ပါ။ ပြီးရင် ကလစ်လေးတပ်ပါ။ Cute Type လေးဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ဆံပင်ပုံစံလေးပါ။

ဆံပင်ကိုရိုးရိုးလေးပဲ နှစ်ဖက်ခွဲစည်းပြီး ကလစ်တပ်တာပဲဖြစ်ဖြစ်၊ ဘီးကုတ်တပ်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ပိုလူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသွားပါတယ်။

ဒီဆံပင်ပုံစံလေးဆိုရင်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ မိတ်ကပ်ကို ဆွဲဆောင်မှုရှိတဲ့ Look လေးပြင်ပြီး ဒီလိုဆံပင်ပုံစံလေးနဲ့ဆို ဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းနေမှာပါ။

ဒီကလစ်လေးတွေကလည်း အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာကြောင့် အဲ့ကလစ်လေးတွေနဲ့ ဆံပင်ကို ဒီလိုလေးပြင်လို့ရသေးတယ်နော်။

ဒီဆံပင်ပုံစံလေးကတော့ လူကောင်သေးသေးလေးတွေနဲ့တင်မဟုတ်ပဲ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ ဆံပင်ပုံစံလေးပါ။

ကျစ်ဆံမြီးသေးသေးလေးလေးကျစ်မယ်ဆိုရင် ဒီလိုပုံလေးကျစ်ကြည့်ပါ။ လူငယ်ဆန်ပြီး ပိုချစ်ဖို့ကောင်းသလို လူကောင်သေးသေးလေးတွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

ဆံပင်ရှည်ရင် ကျစ်ဆံမြီးကို ဒီလိုလေးကျစ်ကြည့်ပါ။ မျက်နှာရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းနေမှာပါ။

Photo source:www.pinterest.com