Hair bang ညှပ်ထားတဲ့ ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ ဆံပင်ပြင်ဆင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ကို အမြဲတမ်းချထားတာထက်စာရင် အမျိုးမျိုးလေးပြင်ဆင်တော့ ပိုပြီးလှတာပေါ့။

Hair bang လေးညှပ်ထားပြီး ဆံပင်ဖားလျားချတာမျိုးပဲ ကြိုက်တယ်ဆိုရင်တော့ ဘီးကုတ်လှလှလေးတွေ တပ်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဆံပင်ဖားလျားပဲချချင်တာဆိုရင် hair bang ညှပ်ထားတဲ့သူလေးတွေက ဒီလိုကလစ်လေးတွေ အလှတပ်ရင်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။

Hair bang ညှပ်ထားပြီး ဆံပင်ကို ဒီလိုပုံစံလေးပြင်တာက လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းစေပါတယ်။

Hair bang ညှပ်ထားရင် ဆံပင်ကို ဒီလိုပုံစံလေး ပြင်ကိုပြင်သင့်ပါတယ်။ ဒီလိုပုံစံလေးက hair bang လေးတွေနဲ့ဆို အရမ်းချစ်ဖို့ကောင်းပြီး ဘယ်လိုအဝတ်အစားမျိုးနဲ့မဆိုလည်း လိုက်ပါတယ်။

Hair bang လေးတွေနဲ့ဆို ဆံပင်ကို ဆံထုံးထုံးတာမျိုးလေးတွေနဲ့လည်း အရမ်းလိုက်ပါတယ်။ Hair bang ဖြစ်နေလို့ လူကြီးမဆန်ပဲ ချစ်ဖို့ကောင်းစေပါတယ်။

ကျစ်ဆံမြီးနှစ်ဖက်ကျစ်တာမျိုးဆိုလည်း hair bang လေးတွေနဲ့ဆိုရင် ကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

Hair bang ညှပ်ထားရင် ဆံပင်ကို ရိုးရိုးစုစည်းတာထက် အမြင့်လေးစည်းတာနဲ့ ပိုလိုက်ပါတယ်။ အမြင့်လေးစည်းတော့ ပိုပြီးလည်း လူငယ်ဆန်စေပါတယ်။

ဆံပင်ကိုတစ်ဝက်စည်းမယ်ဆိုလည်း hair bang လေးတွေနဲ့ဆိုရင် မြင့်မြင့်လေးသာစည်းပါ။ ပိုပြီးချစ်ဖို့ကောင်းပါတယ်။

Hair bang ညှပ်ထားရင် ဆံပင်ကို နှစ်ဖက်ခွဲစည်းကြည့်ပါ။ စည်းတဲ့အခါမှာလည်း ဒီလိုအမြင့်လေးစည်းပါ။ အထာကျပြီး ချစ်ဖို့ကောင်းပါတယ်။

Hair bang ညှပ်ထားရင် ဆံပင်ကို အမျိုးမျိုးပြင်လို့ အရမ်းကောင်းပါတယ်။ ထိပ်နားလေးမှာ ဒီလိုကျစ်ဆံမြီးလေးတွေကျစ်တာဆိုလည်း အရမ်းလှပါတယ်။ Hair bang ညှပ်ထားတော့ အဲ့လိုကျစ်လည်း နဖူးမပြောင်ပါဘူး။

photo source:www.pinterest.com