အခုနောက်ပိုင်း ကိုးရီးယားသူတွေရဲ့ Haircut တွေ ရေပန်းစားလာသလို Douyin, Weibo က တရုတ်မတွေရဲ့ ဆံပင်စတိုင်တွေကလည်း ရေပန်းစားလာပါတယ်။ Weibo က တရုတ်နိုင်ငံသူတွေရဲ့ ဆံပင်စတိုင်နဲ့ မိတ်ကပ်က သူများနဲ့ မတူဘဲ ထူးခြားနေလေ့ရှိပါတယ်။ သူတို့ရဲ့ ဆံပင်စတိုင်က တီထွင်မှု ရှိလှပြီး ချစ်စရာ မကောင်းတဲ့သူကိုတောင် ချစ်စရာ ပိုကောင်းအောင် စွမ်းဆောင်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တရုတ်မလေးတွေလို မျက်နှာပေါက်ရှိတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မယ့် တရုတ်နိုင်ငံသူတွေ စည်းလေ့ရှိတဲ့ ဆံပင်စတိုင်တွေကို ဖော်ပြပါရစေ။

ဆံပင်ကို နှစ်ဘက်စည်းပြီးနောက် တစ်ဘက်စီကို အဖောင်း ပုံစံလေးတွေ ရအောင် သားရေကွင်း သေးသေးလေးတွေနဲ့ စည်းတဲ့ပုံစံ။

သင်က ထူးခြားချင်ရင် ပုံထဲကလို ကလစ်ပါ တွဲနိုင်ပါတယ်။

ကျစ်ဆံမြီး ကျစ်ထားတာကိုမှ ပိုသိသာသွားအောင် ဖဲကြိုး ကလစ် ဝတ်တာက တီထွင်နိုင်စွမ်းအား ကောင်းကြောင်း ပြသနေပါတယ်။

ကလစ် နှစ်မျိုးကို ပုံစံမတူအောင် တပ်ထားပြီး တရုတ်မလေးနဲ့တူတဲ့ သင့်ကို အများကြီး ချစ်စရာကောင်းသွားစေမယ့် ဆံပင်စတိုင် ဖြစ်ပါတယ်။

ဒီဆံပင်စတိုင်အတွက် အရေးပါတဲ့ အဆင့်ကတော့ ဆံပင်ကို ကောက်လိပ်ကြီးကြီးရအောင် ကောက်ပေးရမှာပါ။ ပြီးနောက် ခေါင်းစည်းကြိုး အကြီးနဲ့ နှစ်ဖက်စည်းကာ ရှေ့ဆံပင်လေး ချရုံပါပဲ။

ကျစ်ဆံမြီးကိုမှ အလုံးကြီးတွေ ကျစ်လိုက်တဲ့အခါ မျက်နှာလေးကို ပိုသွယ်တယ် ထင်ရစေပါတယ်။

ခရစ်စမတ်နေ့နဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လေး ဖြစ်ပါတယ်။

ကျစ်ဆံမြီးစတိုင်ကိုမှ လိပ်ပြာကလစ် သေးသေးလေးတွေ တပ်လိုက်တဲ့အခါ ဘိုမရုပ်လေးနဲ့ တူသွားစေပါတယ်။

ကျစ်ဆံမြီးနှစ်ဖက် သေးသေးလေး ကျစ်ပြီး ဖဲပြားကလစ်လေးတပ်လိုက်တဲ့အခါ ချစ်စရာကောင်မလေး ဖြစ်သွားစေပါတယ်။

ဘာမှ အားစိုက်ထုတ်စရာမလိုတဲ့ အင်္ကျီအရောင်နဲ့ လိုက်ဖက်တဲ့ ကလစ်လေး ကပ်မယ်။

ဆံပင်အမြင့်စည်းက မျက်နှာဝိုင်းဝိုင်း တရုတ်မျက်နှာပေါက်လေးတွေနဲ့ လိုက်ဖက်ပါတယ်။

အမြင့်စည်းကိုမှ အရောင်နဲ့ ခေါင်းစည်းကြိုးလေးတွဲတာက ထူးခြားမှု ရှိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar