မျက်လုံးကို အလက်လက်လေးတွေဖြစ်တဲ့ Glitter ခြယ်ရတာမျိုးကြိုက်တဲ့သူတွေနဲ့ ရိုးရှင်းပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေးပြင်ရတာကို ကြိုက်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းတဲ့ Glitter Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

မိတ်ကပ်လိမ်းတော့မယ်ဆိုရင် အရင်ဆုံး ကိုယ်လိမ်းနေကျ Toner, Moisturizer, Sunscreen, Primer စတာတွေကို လိမ်းပေးပါ။

ပြီးမှသာ အောက်ခံမိတ်ကပ်ကို လိမ်းရပါတယ်။ ဒီမှာတော့ အောက်ခံမိတ်ကပ်ကို Cushion သုံးမှာဖြစ်တဲ့အတွက် Tone up Cream ကို အရင်လိမ်းပါတယ်။

Tone up Cream က နဂိုအသားအရောင်ထက် တစ်ဆင့်ဖြူသွားစေတဲ့အတွက် Cushion ကို ပါးပါးလေးပဲလိမ်းပါမယ်။

Cushion လိမ်းပြီးရင် ပေါင်ဒါကို Brush နဲ့ယူပြီး လိမ်းပေးပါ။

မျက်နှာလိမ်းပြီးသွားရင် မျက်ခုံးမွှေးဆွဲပါမယ်။ ကိုယ်ဆွဲနေကျအတိုင်း Eyebrow Pencil နဲ့ဆွဲပြီးရင် သဘာဝဆန်ဆန်လေးဖြစ်အောင် Coloring Browcara လေးထပ်သုံးပေးပါမယ်။ အညိုဘက်သွားတဲ့အရောင်ပဲ သုံးပေးပါ။

မျက်လုံးစခြယ်ဖို့အတွက် Glitter Eyeshadow နို့နှစ်ရောင် (သို့) အသားရောင်ဘက်သွားတာလေးကို မျက်ခွံနဲ့ မျက်လုံးအောက်မှာ ခြယ်ပေးပါ။

ရွှေရောင် (သို့) Peach ကာလာဘက်သွားတဲ့ Glitter Eyeshadow ကို မျက်ခွံပေါ်မှာ ခြယ်ပေးပါ။ အများကြီးယူပြီး ခြယ်စရာမလိုပါဘူး။

အညိုဘက်သွားတဲ့အရောင်မှိုင်းမှိုင်း Eyeshadow ကိုယူပြီး မျက်ခွံအရှေ့နဲ့ အနောက်ဘက်ထောင့်လေးမှာ ပုံမှာပြထားတဲ့အတိုင်း ဆွဲခြယ်ပေးပါ။ မျက်လုံးအောက်နားကိုလည်း နည်းနည်းခြယ်ပါမယ်။

အဖြူဘက်သွားတဲ့ Glitter Eyeshadow ကိုလက်နဲ့ယူပြီး မျက်ခွံပေါ်မှာ နည်းနည်းသုတ်ပြီးခြယ်ပေးပါ။ မျက်လုံးအောက်ဘက်နားလေးကိုလည်း Brush နဲ့ယူပြီး နည်းနည်းခြယ်ပေးပါ။

Eyeliner ကို တစ်ကြောင်းထဲ ပါးပါးရှည်ရှည်လေး ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကို အပေါ်၊ အောက် ကော့ပေးပါ။

ပါးနီကိုတော့ အုတ်ကျိုးရောင်ဘက်သွားတဲ့အရောင်လေး ခြယ်ပါမယ်။

နှုတ်ခမ်းနီကိုလည်း အုတ်ကျိုးရောင်ဘက်သွားတဲ့အရောင် (သို့) အညိုဖောက်တဲ့အရောင်လေးဆိုးပြီး အပေါ်ကနေ Lip Balm (သို့) Lip Tint လေး ထပ်ဆိုးပေးပါ။

ဒါဆိုရင်တော့ ချစ်ဖို့ကောင်းတဲ့ Glitter Makeup Look လေး ဖြစ်သွားပါပြီ။ မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး ပြင်ရတာလည်းလွယ်တာကြောင့် Try ကြည့်သင့်ပါတယ်။

Source:www.leeanfilm