လူကောင်သေးတဲ့ကောင်မလေးတွေက သူများထက်ပိုချစ်စရာကောင်းပါတယ်။ အဝတ်အစားဝတ်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုပိုပြီးချစ်စရာကောင်းသွားစေမယ့် ဖက်ရှင်လေးတွေကို ရွေးချယ်တတ်ဖို့လိုပါတယ်။ လူတစ်ယောက်က ရုပ်မလှရင်တောင် ဖက်ရှင်ကျကျဝတ်စားတတ်ရင် သူများထက်ပိုလှပါတယ်။ ဒါကြောင့် လူကောင်သေးတဲ့ကောင်မလေးတွေကို ပိုချစ်စရာကောင်းသွားစေမယ့်ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Tee အပွလေးတွေကို ဂျင်းစကပ်အတိုလေးတွေနဲ့တွဲဝတ်တာဟာ ပေါ့ပါးပြီးချစ်စရာကောင်းစေတဲ့ ဖက်ရှင်လေးပါ။ ဒီလိုဖက်ရှင်မျိုးကို လူကောင်သေးတဲ့ကောင်မလေးတွေဝတ်လိုက်ရင် အရမ်းချစ်စရာကောင်းစေပါတယ်။

ဂါဝန်တိုလေးတွေကိုမှ 90’s ဖက်ရှင်လေးဟာ အရမ်းချစ်စရာကောင်းစေပါတယ်။ ဒီလိုဖက်ရှင်လေးတွေကိုဝတ်ပြီး Sneakers လေးတွေစီးလိုက်မယ်ဆိုရင်တော့ ပိုပြီးချစ်စရာကောင်းသွားစေပါတယ်။

ဂျင်းဘောင်းဘီအရှည်ကိုမှ အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ ခြေမျက်စိအထက်ဘောင်းဘီလေးတွေဟာ လူကောင်သေးတဲ့ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။

ချစ်စရာကောင်းတဲ့ဒူးဖုံးစကပ်လေးတွေကို ရိုးရိုး Tee လေးတွေနဲ့တွဲဝတ်ပြီး Sneakers စီးလိုက်မယ်ဆိုရင်တော့ သင့်ကိုပိုပြီးချစ်စရာကောင်းသွားစေမှာပါ။ ဒီဖက်ရှင်လေးက လူငယ်ဆန်ပြီးပေါ့ပါးလွတ်လပ်မှုရှိစေပါတယ်။

ဘောင်းဘီအတိုလေးတွေဝတ်ပြီး Tee အပွအရှည်တွေကိုဝတ်တာကလည်း လူကောင်သေးတဲ့ကောင်မလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ဒီလိုဖက်ရှင်မျိုးဝတ်ရင်တော့ Sneakers စီးဖို့ လုံးဝမမေ့ပါနဲ့။

ဒူးဖုံးဘောင်းဘီလေးတွေကို Crop Top အင်္ကျီလေးတွေနဲ့တွဲဝတ်တာမျိုးက လူကောင်သေးတဲ့သူတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ မိုးတွင်းဆိုရင် အပေါ်ကနေ အနွေးထည်လေးထပ်ဝတ်လို့လည်း ရပါသေးတယ်။

ဒူးဖုံးဂျင်းစကပ်လေးတွေကို Shoulder Off အင်္ကျီလေးတွေနဲ့တွဲဝတ်လို့လည်း ရပါတယ်။ အရမ်းတိုတာတွေမဝတ်ပဲ ဒီလိုလေးတွေဝတ်တာကလည်း လူကောင်သေးတဲ့သူတွေနဲ့ လိုက်ဖက်ပါတယ်။

ဘောင်းဘီရှည်ဝတ်မယ်ဆိုရင်တောင် လူကောင်သေးတဲ့သူတွေက အင်္ကျီအလွတ်လေးတွေ၊ Crop Top လေးတွေ၊ လတ်ပြတ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ဒီလိုအင်္ကျီလေးတွေနဲ့တွဲဝတ်မှ ပိုပြီးချစ်စရာကောင်းစေတာပါ။

Photo Source: www.elyselyses.com