လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းတဲ့ Fruits Nail Art Design တွေကို မျှဝေပေးလိုက်ပါတယ်။ Fruits Nail Design တွေက သိပ်ပြီးပုံဖော်လေ့မရှိကြလို့ တစ်ခါတစ်လေ အပြောင်းအလဲဖြစ်အောင်၊ သူများနဲ့မတူအောင် ပုံဖော်လို့ရတာပေါ့။

Lemon ရဲ့အတွင်းကို ပုံဖော်ထားတာလေးက အနုပညာမြှောက်ပြီး လှလည်းလှပါတယ်။ လက်သည်းအကြည်လေးဆိုးပြီး ပုံဖော်ထားတာဆိုတော့ သန့်ပြီးလှနေတာပါပဲ။

သစ်သီးအစုံကို ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ အရမ်းချစ်ဖို့ကောင်းပါတယ်။

လိမ္မော်သီးပုံလေးကို ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကလည်း ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါပဲ။

စတော်ဘယ်ရီနဲ့ ချယ်ရီသီးပုံလေးကို ပုံဖော်ထားတာက အရမ်းချစ်ဖို့ကောင်းပါတယ်။ အရောင်ကလည်း စိုပြီးထင်းနေတာပါပဲ။

Pumpkin ပုံလေးကို ချစ်ဖို့ကောင်းအောင် ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ အရောင်ကအစ အရမ်းအသားဆောင်တဲ့ အရောင်လေးပါ။

အရောင်နုနုလေးဆိုးပြီး ချစ်ဖို့ကောင်းတာလေး ပုံဖော်ချင်တယ်ဆိုရင် Peach အသီးပုံလေးကို ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။

ဒါကတော့ စတော်ဘယ်ရီသီးကို နောက်တစ်မျိုး ပုံဖော်ထားတာပါ။ လက်သည်းအရှည်ကိုမှ အချွန်ထားပြီးပုံဖော်ရင် ပိုလိုက်ဖက်ပါတယ်။

အဖြူပေါ်မှာမှ အနီရောင်ချယ်ရီသီးလေးတွေကို ပုံဖော်ထားတာက ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဖရဲသီးပုံကိုမှ အလုံးလိုက်ပုံစံမျိုး ပုံဖော်ထားတာမဟုတ်လို့ အမြင်တစ်မျိုးဆန်းပြီး လှနေတာပါပဲ။

လိမ္မော်သီးပုံလေးကိုမှ နောက်တစ်မျိုးချစ်ဖို့ကောင်းအောင် ဒီလိုလေးတွေလည်း ပုံဖော်လို့ရပါသေးတယ်။ လူငယ်ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်တဲ့ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

Photo source:www.pinterest.com