ဒီတစ်ခါမှာတော့ အတိုဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် နွေရာသီမှာ ပေါ့ပါးလွတ်လပ်ပြီး ချစ်ဖို့ကောင်းနေစေမယ့် ဖက်ရှင်စတိုင်လ်တွေကို မျှဝေပေးလိုက်ပါတယ်။ ရာသီဥတုပူရင် အဝတ်အစားကို ပေါ့ပါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတာမျိုးပဲ ရွေးဝတ်သင့်ပါတယ်။ ဒါကြောင့် ဒီဖက်ရှင်စတိုင်လ်လေးတွေက နွေရာသီအတွက်ဆို ကွက်တိပါပဲ။

ဒီဖက်ရှင်လေးဆိုရင် အရမ်းချစ်ဖို့ကောင်းသလို ဝတ်ရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒါကြောင့် နွေရာသီအတွက်တော့ အရမ်းသင့်တော်ပါတယ်။

ဂျင်းဘောင်းဘီအတို အပွလေးတွေက အဝတ်အစားမရွေးသလို ဝတ်ရတာလည်း သက်တောင့်သက်သာ ဖြစ်စေပါတယ်။ နွေရာသီမှာဆိုရင်တော့ ဒီလိုအင်္ကျီအပွလေးတွေနဲ့ တွဲဝတ်ရင် ပိုချစ်ဖို့ကောင်းပါတယ်။

ဂျင်းဘောင်းဘီအတို အပွလေးတွေကို အင်္ကျီအဖြူ အပွလေးတွေနဲ့ တွဲဝတ်တာကတော့ အရမ်းကို ပေါ့ပါးလွတ်လပ်တဲ့ပုံလေးနဲ့ ရိုးရှင်းပြီး ချစ်ဖို့ကောင်းနေမှာပါ။

ဂျင်းစကပ်အတိုလေးတွေကို ဒီလိုချည်သားရှပ်အင်္ကျီ လက်တိုလေးတွေနဲ့ တွဲဝတ်မယ်ဆိုရင်လည်း ပေါ့ပါးမှုရှိပြီး ရိုးရိုးလေးနဲ့ စတိုင်လ်ကျပြီး ချစ်ဖို့ကောင်းနေမှာပါပဲ။

ဂျင်းစကပ်အဖြူကို ဒီလိုအဖြူဝမ်းဆက်လေးဝတ်တာမျိုးက ရိုးရိုးလေးနဲ့ သန့်ပြီး စတိုင်လ်ကျပါတယ်။ ဘယ်တော့မှရိုးမသွားတဲ့ ဖက်ရှင်စတိုင်လ်လေးဖြစ်သလို နွေရာသီအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

ဒီလိုချစ်စရာကောင်းတဲ့ Top လေးတွေကို ဘောင်းဘီအတိုအပွလေးတွေနဲ့ တွဲဝတ်တာက ချစ်ဖို့ကောင်းပါတယ်။ အဆင်သေးတာလေးတွေကတော့ နွေရာသီနဲ့ ပိုလိုက်ဖက်ပါတယ်။

ကြိုးတစ်လုံးလေးတွေကတော့ နွေရာသီမှာ ဝတ်လို့အကောင်းဆုံးပါပဲ။ စကပ်အတို ဝတ်ရတာကြိုက်တဲ့သူဆို ဒီလိုလေးဝတ်လို့ရပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးဆိုရင် ပေါ့ပါးလွတ်လပ်ပြီး ချစ်ဖို့ကောင်းပါတယ်။ နွေရာသီအတွက်ဆို ဒီလိုအရောင်လေးတွေက အလိုက်ဖက်ဆုံးပါပဲ။

ချစ်ဖို့ကောင်းပြီး ဝတ်ရတာလည်း ပေါ့ပါးမှုရှိနေစေမယ့် ဖက်ရှင်လေးပါ။ ဒီလိုဘောင်းဘီအတိုလေးတွေက နွေရာသီအတွက် အရမ်းအဆင်ပြေပါတယ်။ ကြိုက်တဲ့အကီၤျနဲ့ တွဲဝတ်လို့ရပါတယ်။

ဒီဖက်ရှင်စတိုင်လ်လေးကတော့ ကမ်းခြေသွားမယ့်သူတွေအတွက် ချစ်ဖို့ကောင်းနေစေမယ့် နွေရာသီဖက်ရှင်လေးပါပဲ။

Photo source:www.pinterest.com