လူငယ်ကောင်မလေးတွေအတွက် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်စတိုင်လ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိတဲ့ ဖက်ရှင်လေးတွေဖြစ်လို့ ဒီနိုင်ငံရာသီဥတုနဲ့လည်း အရမ်းအဆင်ပြေပါတယ်။
ဒီလိုဘောင်းဘီအတိုလေးတွေက ဝတ်ရတာ အရမ်းပေါ့ပါးမှုရှိပြီး ချစ်ဖို့လည်းကောင်းပါတယ်။ သေးသေးလေးတွေဆို Crop Top လေးတွေနဲ့သာ တွဲဝတ်ပါ။
ဘောင်းဘီအတိုအပွလေးတွေကို Tee အပွလေးတွေနဲ့ တွဲဝတ်တာလည်း လွတ်လပ်ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းတာပါပဲ။
Tee အပွလေးတွေကို Jean Skirt လေးတွေနဲ့ တွဲဝတ်တာလည်း ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်စတိုင်လ်လေးပါ။
ဒီလိုဘောင်းဘီအရှည် အပွလေးတွေဆိုလည်း ဝတ်ရတာပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းပါတယ်။ Freestyle ပုံစံလေးဝတ်ချင်ရင် Tee အပွလေးတွေနဲ့သာ တွဲဝတ်လိုက်ပါ။
Skirt ဝတ်ရတာကြိုက်တဲ့ ကောင်မလေးတွေဆိုရင် ဒီလိုဖက်ရှင်မျိုးလေးလည်း ဝတ်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။
ဂါဝန်တွေထဲမှာဆိုရင်လည်း ဒီလိုဂါဝန်အတိုလေးက လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။
Midi Skirt လေးတွေကလည်း အရမ်းခေတ်စားနေတာပါ။ ဝတ်ရတာ ပေါ့ပါးမှုရှိသလို လှလည်းလှပါတယ်။ Crop Top Tee လေးတွေနဲ့ တွဲဝတ်ရင် ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းနေတာပါပဲ။
ဂါဝန်တိုလက်ရှည် အပွလေးတွေဝတ်တဲ့အခါ ဒီတိုင်းဝတ်ရတာရိုးလာရင် ကြိုးတစ်လုံးလေးတွေနဲ့ ဒီလိုတွဲဝတ်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။
ဒီလို Jean လေးတွေဆိုလည်း လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးပါ။ Festival ပွဲတွေနဲ့တောင် လိုက်ဖက်တဲ့ ဖက်ရှင်လေး ဖြစ်ပါတယ်။
Photo source:www.pinterest.com