ကိုယ်ကဝနေလို့ဆိုပြီး အတိုမဝတ်ရဲတာမျိုး၊ အကျပ်တွေမဝတ်ရဲတာမျိုး၊ ဝတ်လိုက်ရင် သူများကဲ့ရဲ့မှာကို စိုးရိမ်နေတာမျိုး မဖြစ်ပါနဲ့။ ဘယ်လောက်ဝဝ၊ ဘယ်လောက်ပိန်ပိန် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဖက်ရှင်ကျအောင်ဝတ်နိုင်ရင် အကုန်လှပါတယ်။ ဒီတစ်ခါမှာကျတော့ Chubby Girl လေးတွေအတွက် ချစ်ဖို့ကောင်းပြီး စတိုင်လ်ကျနေမယ့်ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဖက်ရှင်တွေကို အိုင်ဒီယာယူပြီး ကိုယ်ဝတ်ချင်တဲ့ဖက်ရှင်လေးတွေကို ရွေးချယ်ဝတ်ဆင်လို့ရသွားမှာပါ။

အရမ်းဝတာမျိုးမဟုတ်ပဲ ပြည့်တဲ့ကောင်မလေးတွေဆိုရင် ဒီလိုဂါဝန်လေးတွေနဲ့ဆို ပြည့်ပြည့်လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

အရမ်းမဝပဲပြည့်တာမျိုးဆိုရင် ဒီလိုစကပ်လေးတွေကို ကြိုးတစ်လုံးလေးတွေနဲ့တွဲဝတ်ပြီး အပေါ်ထပ်အကျ်ီလေးတွေ ဝတ်ကြည့်ပါ။ လက်မောင်းကြီးတဲ့သူတွေဆိုလည်း ဒီဖက်ရှင်လေးက အဆင်ပြေပါတယ်။

ဝတဲ့သူတွေနဲ့ ပြည့်တဲ့သူတွေက ဒူးဖုံးစကပ်အကားလေးတွေကို ကိုယ်ကျပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်ပြီး Boots စီးလိုက်ရင် စတိုင်လ်ကျပြီး ချစ်ဖို့ကောင်းစေပါတယ်။ ခရီးသွားတဲ့အခါမျိုးမှာဆို မဖြစ်မနေဝတ်သင့်တဲ့ ဖက်ရှင်ပါပဲ။

Chubby လေးတွေဆိုရင် ဒီလို ဂါဝန်အရှည်အကားလေးတွေနဲ့ အရမ်းလိုက်တာကြောင့် ကိုယ်ကြိုက်တယ်ဆိုရင် ဝတ်ချင်တဲ့အခါ ဝတ်လိုက်ပါ။

ဒီလိုရှပ်အင်္ကျီလိုမျိုးကို ခါးပတ်နဲ့ဝတ်ရတဲ့ Dress တွေဆိုရင် ဝတဲ့သူတွေနဲ့ အရမ်းလိုက်ပါတယ်။ Boots လေးတွေသာစီးလိုက်မယ်ဆိုရင်တော့ စတိုင်လ်ကျပြီး ချစ်ဖို့ကောင်းနေမှာပါ။

Chubby လေးတွေအနေနဲ့ ဂါဝန်တို ကြိုးတစ်လုံးလေးတွေဝတ်မယ်ဆိုရင် အပေါ်ထပ်လေးတွေနဲ့ဝတ်ကြည့်ပါ။ ဖက်ရှင်ကျကျလေးနဲ့ ပိုချစ်ဖို့ကောင်းစေပါတယ်။

ဝတဲ့သူတွေက ကုတ်တွေနဲ့အရမ်းလိုက်ပါတယ်။ စကပ်အကျပ်အတိုလေးတွေ၊ ဘောင်းဘီရှည်လေးတွေကို ကုတ်တွေနဲ့ တွဲဝတ်လိုက်ရင် စတိုင်လ်ကျပြီးမိမိုက်နေမှာပါ။

တချို့ကောင်မလေးတွေကျတော့ ဝပေမယ့် လေ့ကျင့်ခန်းတွေလုပ်တာကြောင့် ဗိုက်အဆီတွေမရှိတော့ အကိတ်လိုမျိုးလေး ဖြစ်နေစေပါတယ်။ ဒီလို အကိတ် Chubby လေးတွေဆိုရင် ဘောင်းဘီရှည်အကျပ်လေးတွေကို ကြိုးတစ်လုံးလေးတွေ၊ Crop Top လေးတွေ၊ ကိုယ်ကျပ်အင်္ကျီလေးတွေနဲ့ တွဲဝတ်လိုက်ရင် ဖက်ရှင်ကျကျနဲ့ ချစ်ဖို့ကောင်းနေမှာပါ။

Chubby လေးတွေက ဒူးဖုံးစကပ်အကျပ်တွေနဲ့လည်း လိုက်ပါတယ်။ ဝတ်မယ်ဆိုရင်တော့ Crop Top အကျပ်လေးတွေနဲ့တွဲဝတ်ပါ။ လက်မောင်းကြီးလို့၊ ဗိုက်အဆီရှိလို့ဆိုပြီး တွေးနေရင်တော့ အပေါ်ထပ်ကုတ်လေးတွေ ထပ်ဝတ်လို့ရပါတယ်။

photo source: www.pinterest.com