ဆယ်ကျော်သက်ကောင်မလေးတွေထဲမှာမှ cute type ကိုကြိုက်တဲ့သူတွေအတွက် ဆယ်ကျော်သက်အရွယ်နဲ့လိုက်ဖက်ပြီး ချစ်ဖို့ကောင်းစေမယ့် ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပုပုသေးသေးလေးတွေနဲ့ဆိုရင် ပိုပြီးတော့လိုက်ဖက်မယ့် ဖက်ရှင်တွေဖြစ်တာကြောင့် short girl လေးတွေလည်း ကြိုက်မယ်လို့ထင်ပါတယ်။

တင်းနစ်စကပ်လေးတွေက အရင်ထဲက အခုချိန်ထိကို ခေတ်စားနေဆဲပါပဲ။ ဆယ်ကျော်သက်ကောင်မလေးတွေနဲ့လည်း အရမ်းလိုက်ပါတယ်။ ဒီစကပ်လေးကိုဝတ်မယ်ဆိုရင် crop top အကျပ်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

စကပ်လေးတွေကို ဒီလို off shoulder အင်္ကျီလေးတွေနဲ့ဝတ်တာကလည်း ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ဆို အရမ်းချစ်ဖို့ကောင်းပါတယ်။

Crop top အကျပ်လေးတွေကို ဘောင်းဘီတိုလေးနဲ့တွဲဝတ်ပြီး အပေါ်ကနေ flannel လေးထပ်ဝတ်တာမျိုးက ဆယ်ကျော်သက်ကောင်မလေးတွေ၊ ပုပုသေးသေးလေးတွေနဲ့ဆို အရမ်းချစ်ဖို့ကောင်းပါတယ်။

ပေါ့ပေါ့ပါးပါး freestyle မျိုးလေးဆိုရင်တော့ ဆယ်ကျော်သက်ကောင်မလေးတွေက ဒီလိုတီရှပ်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ အရမ်းလိုက်ပါတယ်။

မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတာမျိုးလေး ဝတ်ချင်ရင်တော့ ဒီလိုစကပ်လေးတွေကို တီရှပ်လေးတွေ၊ အင်္ကျီကိုယ်ကျပ်လေးတွေနဲ့ တွဲဝတ်ပြီး sneakers လေးသာစီးပါ။

တီရှပ်အပွလေးတွေကို ဒီလိုမျိုးလေးဝတ်တာကလည်း အရပ်ပုတဲ့ကောင်မလေးတွေ၊ ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ အရမ်းလိုက်ပါတယ်။

ကိုရီးယားဖက်ရှင်လေးကြိုက်ရင်တော့ ရှပ်အင်္ကျီအပွကြီးကို ဒီလိုအပေါ်ထပ်လက်ပြတ်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

စကပ်ဗြောင်လေးတွေကို ဒီလိုတီရှပ်အပွလေးတွေနဲ့တွဲဝတ်တာမျိုးကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလိုဘောင်းဘီအကွက်တွေဆိုရင် ဆယ်ကျော်သက်ကောင်မလေးတွေနဲ့မှ ပိုပြီးလိုက်ဖက်တာကြောင့် ဝတ်မယ်ဆိုရင် crop top လေးတွေနဲ့ပဲ တွဲဝတ်ပါ။

အခုနောက်ပိုင်းမှာဆိုရင် ဒီလိုဝမ်းဆက်လေးတွေက အရမ်းခေတ်စားနေတာပါ။ ဒီဖက်ရှင်လေးကျတော့ ဆယ်ကျော်သက်ကောင်မလေးတွေနဲ့မှ ပိုပြီးလိုက်ဖက်ပါတယ်။

စကပ်လေးတွေကို ကြိုးတစ်လုံးလေးနဲ့တွဲဝတ်ပြီး အပေါ်ကနေ ရှပ်အင်္ကျီလေးတွေထပ်ဝတ်တာမျိုးက လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ ကိုရီးယားမလေးတွေဝတ်တဲ့ ဖက်ရှင်ဆိုလည်း မမှားပါဘူး။

photo source:www.pinterest.com