Everyday Makeup Look ဆိုတာကတော့ အဆင့်တွေ အများကြီး မရှိဘဲ ပေါ့ပေါ့ပါးပါး လိမ်းနိုင်မယ့် Makeup Look ဖြစ်ပါတယ်။ ဒီ Makeup Look က နေ့တိုင်း လိမ်းနိုင်မယ့်အပြင် အခြေအနေ အမျိုးမျိုးနဲ့ သင့်တော်ပြီး ထသွားထလာ လိမ်းနိုင်မယ့် Makeup Look ဖြစ်သင့်ပါတယ်။
Everyday Makeup Look အောင်မြင်ဖို့အတွက် သင့်မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးပေးနိုင်ရပါမယ်။ သင့်မျက်နှာကျ ပေါ်လွင်ကာ မျက်လုံးလေးကလည်း သင့်တင့်မျှတတဲ့ Eye Shadow နဲ့ တောက်ပနေဖို့ လိုပါတယ်။ ဖောင်ဒေးရှင်းပါးပါး၊ ပေါင်ဒါပါးပါးနဲ့ နှုတ်ခမ်းနီ ပါးပါးလေး ဖြစ်နေသင့်ပါတယ်။ ဒီလိုဆိုရင် သင့် Everyday Makeup Look က အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ Everyday Makeup Look ကိုမှ Cute Type လေးရစေမယ့် မိတ်ကပ် Look တွေကို သင် နမူနာ ယူနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
Eyeshadow ကို အညိုဘက်ခြယ်ကာ နှုတ်ခမ်းနီ အရောင်ဖျော့ဖျော့လေးနဲ့ Elegant ဘက်ပါ သွားတဲ့ Look
ပါးနီက လိမ္မော်မကျ ပန်းရောင်မကျ ကြားခံအရောင်လေးနဲ့အတူ Eyeliner ကို သေချာခြယ်ရမယ့် Makeup Look ဖြစ်ပါတယ်။
Makeup မပါသလောက် နည်းပြီး မျက်ခုံးနဲ့ နှုတ်ခမ်းနီကို ဦးစားပေးတဲ့ ပေါ့ပေါ့ပါးပါး Makeup Look
ဒီ Makeup Look ကတော့ ဓာတ်ပုံရိုက်ဖို့၊ အပြင်သွားဖို့ လုံလောက်တဲ့ Everyday Makeup Look ဖြစ်ပါတယ်။
ချစ်ဖို့ကောင်းတဲ့အပြင် ဆွဲဆောင်မှုရှိမယ့် Everyday makeup look ဖြစ်ပါတယ်။
ရိုးရိုးရှင်းရှင်းလေးနဲ့ မိတ်ကပ်သား ပါးပါးလေးနဲ့ ချစ်ဖို့ကောင်းမယ့် စတိုင် ဖြစ်ပါတယ်။
သင့်အသားကို ပိုဖွေးသွားစေမယ့် ပါးနီအရောင်၊ နှုတ်ခမ်းနီ အရောင် ဖြစ်ပါတယ်။
ပါးနီများများလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတွေအတွက် အလှဆုံးဖြစ်မယ့် Makeup Look ပါ။
သင်က ဆံပင်အကောက်လေး ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီ Makeup Look လေးကို Try ကြည့်ပါနော်။
ရှင်းရှင်းလေးနဲ့ ကျက်သရေရှိကာ ချစ်ဖို့ကောင်းတဲ့ Makeup Look
Photo Source: Pinterest
By MyStyle Myanmar