ဂါဝန်တိုလေးတွေ နဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် လွယ်ကူသောပို့စ်တွေကို မျှဝေပေးလိုက်ပါတယ်။

အိတ်ကိုလက်တစ်ဖက်ကကိုင်၊ လက်တစ်ဖက်ကခါးထောက်ပြီး ခေါင်းလေးနည်းနည်းစောင်းကာ တစ်ဖက်ကိုကြည့်နေတဲ့ပို့စ်လေး လုပ်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

လက်လေးနောက်ပစ်ပြီး ခေါင်းကိုနည်းနည်းမော့ကာ ရယ်နေတဲ့ပုံလေးလည်း ပို့စ်ပေးကြည့်ပါ။ တည်ငြိမ်တဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။ ဒီလို ဘေးတစ်စောင်းအနေအထားလေးနဲ့ ရိုက်ရင်တော့ ပိုလှပါတယ်။

လက်ထောက်ထားစရာနေရာလေးရှိရင်တော့ ဒီလိုလေးသာပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှပါတယ်။

ဒီပို့စ်လေးကတော့ ရိုးရိုးလေးနဲ့ တည်ငြိမ်ပြီး အရမ်းလှပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်တဲ့ ပို့စ်လေးပါပဲ။

လက်လေးကို ဒီလိုနည်းနည်းကားပြီး ပို့စ်ပေးကြည့်ပါ။ မျက်နှာလေးက ရယ်နေရင် ပိုလှပါတယ်။

ထိုင်ပြီး မျက်စိမှိတ်ရယ်နေတဲ့ပုံလေးရိုက်ရင်လည်း happy vibes လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

လက်ကိုနောက်ပစ်၊ ဒူးလေးတစ်ဖက်ကိုကွေးပြီး ဒီလိုလေးလည်း ပို့စ်ပေးရိုက်ကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီလိုပို့စ်လေးကျတော့ snap ပုံလေးနဲ့ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ထီးပါရင် ဒီလိုလေးလည်း ပို့စ်ပေးရိုက်ကြည့်ပါ။ Portrait ရိုက်ရင် ပိုလှပါတယ်။

ဒီပို့စ်လေးဆိုရင် အရမ်းလှပါတယ်။ ပွဲတက်လေးတွေသွားတဲ့အခါမျိုးမှာဆိုရင် ဒီလိုပို့စ်လေး ပေးကြည့်ပါ။

ကောင်းကင်ပါအောင်ရိုက်မယ်ဆိုရင် ဂါဝန်တိုလေးတွေနဲ့ ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

Photo source:www.pinterest.com