လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ easy pose idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာဝါသနာပါပေမယ့် pose တော့မပေးတတ်ဘူးဆိုတဲ့ သူတွေအတွက်တော့ ဒါလေးတွေက အသုံးဝင်စေမှာပါ။

ထိုင်ပြီးရိုက်မယ်ဆိုရင် လက်လေးနှစ်ဖက်ကို ဒီလိုရှေ့မှာထား ဒူးပေါ်တင်ပြီး ခေါင်းလေးစောင်းကာ ပြုံးနေပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ ပုံကောင်လေးထွက်လာပါလိမ့်မယ်။

ထောင့်ချိုးရှိတဲ့နေရာလေးတွေမှာ ဒီလိုလေး pose ပေးပြီး ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ကော်ဖီဆိုင်လေးတွေမှာ ထိုင်ပြီးရိုက်ရတာရိုးလာရင် ဒီလိုလေး pose ပေးကြည့်ပါ။ Hoodie လေးတွေဝတ်ထားရင် ပိုပြီးလိုက်ပါတယ်။

ချစ်ဖို့ကောင်းတဲ့ဖက်ရှင်လေးတွေ၊ စကပ်လေးတွေ ဝတ်ထားပြီဆိုရင်တော့ ဒီလိုလေးတွေ pose ပေးကြည့်ပါ။ ကိုရီးယားဆန်တဲ့ pose လေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းနေမှာပါ။

နေပူတဲ့နေရာမှာ ရိုက်မယ်ဆိုရင် ထွေထွေထူးထူးစဉ်းစားမနေပါနဲ့။ ဒီလိုနေကာ pose လေးတွေသာ ရိုက်ကြည့်ပါ။ Cute type လေးဖြစ်စေပါတယ်။

ဒီ pose လေးကျတော့ နေကာတာမဟုတ်ပဲ ဒီတိုင်းသပ်သပ် pose ပေးတာမျိုးလေးပါ။ ချစ်ဖို့ကောင်းတာကြောင့် try ကြည့်သင့်ပါတယ်။

မိန်းကလေးဆန်ဆန်လေးဝတ်ထားရင်တော့ ဒီ pose လေးတွေကိုရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

တီရှပ်အပွလေးတွေဝတ်ထားရင် ဒီလိုလေးတွေ pose ပေးကြည့်ပါ။ ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေပဲ ထွက်လာပါလိမ့်မယ်။

ဒီ pose လေးတွေဆိုရင် freestyle ပုံစံလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဘာ pose မှ သိပ်မလုပ်တတ်ရင် လက်လေးနှစ်ဖက်ကို ဒီလိုထားပြီးသာ pose ပေးကြည့်ပါ။

စကပ်လေးတွေ၊ ဂါဝန်လေးတွေဝတ်ထားရင် ဒီ pose လေးတွေလုပ်ကြည့်ပါ။ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com