Easter လက်သည်းဒီဇိုင်းတွေက ချစ်စရာကောင်းတဲ့ ယုန်လေးတွေ ၊ မုန်လာဥနီ၊ ပန်းပွင့်ဒီဇိုင်းအစုံနဲ့ ပုံဖော်ထားတာမလို့ အရောင်အသွေးစုံပြီး ချစ်စရာကောင်းလွန်းတာကြောင့် တော်တော်များများရဲ့အကြိုက်နဲ့ ကိုက်တဲ့ဒီဇိုင်းတွေပါ။

Easter ရဲ့အသက် ဥပုံစံလေး ပုံဖော်တာက တကယ်ချစ်ဖို့ကောင်းတဲ့ပုံစံလေးပါ။

အပြည့်မကြိုက်ရင် ဒီလိုလေးဆိုးကြည့်ပါ။

ပုံဖော်ရတာမကြိုက်ဘူးဆိုရင် ဒီလိုပြောင်လေးဘဲဆိုးလည်း လှပါတယ်။

ဒီလို တပွင့်ထဲပုံဖော်တာလေးကလည်း တမျိုးဆန်းပါတယ်။

တပွင့်ထဲပန်းထဲကိုမှ ဒီလို ဥပုံစံလေးပုံဖော်ချင်လည်း ရပါသေးတယ်။

ဒီလိုယုန်နားရွက်လေးတွေကလည်း ချစ်ဖို့ကောင်းတဲ့ပုံစံလေးပါ။

ဒီလို ကာလာအစုံနဲ့လည်း ဆိုးတာလည်း တမျိုးလေး ချစ်ဖို့ကောင်းပါတယ်။

ဒီလိုယုန်လေးတွေကလည်း အရမ်းချစ်ဖို့ကောင်းတဲ့ ပုံစံလေးပါ။

အဝါရောင်လက်သည်းလေးတွေကလည်း ကြက်ပေါက်လေးတွေကို ချစ်ဖို့ကောင်းပါတယ်။

ပုံစံနှစ်မျိုးကြိုက်ရင် ဒီလိုအရောလေး ပုံဖော်ကြည့်ပါ။

ကြက်ဥကြော်ပုံစံလေးတွေကလည်း ချစ်ဖို့ကောင်းသလို တမျိုးလည်းဆန်းပါတယ်။

ရှင်းရှင်းလေးဘဲကြိုက်တဲ့သူတွေကတော့ ဒီလိုလေးဆိုးကြည့်ပါ။

ပန်းရောင်နဲ့အပြာရောထားတဲ့ Marble လေးကလည်း Easter ပွဲတော်နဲ့ လိုက်ဖက်ပါတယ်။