လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ နားကွင်းအသေးဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ နားကွင်းလေးတွေဝတ်ရတာကို ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီနားကပ်ဒီဇိုင်းလေးတွေကို သဘောကျမှာပါ။

ဒီနားကပ်ဒီဇိုင်းလေးဆိုရင် နားကွင်းသေးသေးလေးမှာမှ တွဲလောင်းလေးပါတော့ ပိုပြီးချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေကနေ အသက် ၃၀ ကျော်တွေအထိ လိုက်ဖက်တဲ့ ဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

ဒါကျတော့ နားကွင်းသေးသေးကျစ်ကျစ်လေးမှာမှ လိပ်ပြာပုံလေးနဲ့ဆိုတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ Fancy လည်း ဆန်ပါတယ်။

ရိုးရိုးလေးပဲကြိုက်တယ်ဆိုရင် ဒီနားကွင်းဒီဇိုင်းလေးလည်း ချစ်ဖို့ကောင်းပါတယ်။ လူငယ်အရမ်းဆန်တာမျိုးလည်း မဟုတ်တော့ မိန်းကလေးတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။

ရွှေမကြိုက်ရင် ဒီနားကပ်ဒီဇိုင်းလေးကို လုပ်ကြည့်ပါ။ အရမ်းလှပါတယ်။ ရှင်းရှင်းလေးနဲ့ ဘယ်တော့မှရိုးမသွားပဲ လှနေမယ့်ပုံစံလေးပါ။ မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။

ဒီနားကွင်းဒီဇိုင်းလေးကျတော့ ဖြာနေတဲ့ပုံစံလေးနဲ့ အရမ်းလှပါတယ်။ သေးပေမယ့် ထင်းနေမယ့် ဒီဇိုင်းဆန်းလေးပါ။

ဒါကျတော့ ခုနကဒီဇိုင်းနဲ့ဆင်ပေမယ့် နည်းနည်းကွဲပါတယ်။ ဒီနားကွင်းဒီဇိုင်းလေးက ပိုပြီးကြီးပါတယ်။

ရိုးရိုးရှင်းရှင်းလေးပဲ ကြိုက်တယ်ဆိုရင်တော့ ဒီလိုနားကွင်းဗြောင်လေးသာလုပ်ပါ။ သေးသေးကျစ်ကျစ်လေးဆို ပိုပြီးလှပါတယ်။ ဘယ်တော့မှလည်း ရိုးမသွားစေပါဘူး။

ဒီနားကွင်းဒီဇိုင်းလေးတွေဆိုရင် သေးသေးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ နားကပ်ကို ကျောက်တွေ၊ စိန်တွေနဲ့ လုပ်ချင်တာဆိုရင် ဒီနားကွင်းဒီဇိုင်းလေးကို ရွေးချယ်လို့ရပါတယ်။ လူငယ်လည်းဆန်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။

ဒီနားကွင်းဒီဇိုင်းလေးကျတော့ အလုံးပုံစံလေးတွေလုပ်ထားတာ တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

Fancy ဆန်တာမျိုးတွေပဲကြိုက်တဲ့ ကောင်မလေးတွေဆိုရင် ဒီနားကွင်းဒီဇိုင်းလေးကို သဘောကျမှာပါ။ ဒီဇိုင်းဆန်းပြီး လူငယ်လည်းဆန်ပါတယ်။

photo source:www.pinterest.com