ဖက်ရှင်ချစ်သူတို့အားလုံးပဲ မင်္ဂလာပါနော်။ သင်က စကပ်အတိုဝတ်နေကျသူ ဒါမှမဟုတ် ဝတ်ကြည့်ဖို့ စဉ်းစားနေတဲ့သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ Denim ဂျင်းစကပ်တို အပြာရောင်လေးကို ချစ်စရာကောင်းပြီး စတိုင်ကျနေအောင် ဝတ်ဆင်နည်း Outfit Idea တွေကို ဖော်ပြပေးချင်ပါတယ်။ စကပ်တိုပုံစံအမျိုးမျိုးထဲ Denim ဂျင်းသား အတိုလေးတွေက ထသွားထလာအတွက်ရော Date လုပ်ရင်း ဝတ်သွားဖို့အတွက်ပါ လိုက်ဖက်နေမှာဖြစ်သလို ဘယ်တော့မှမရိုးတဲ့ ဖက်ရှင်တစ်မျိုးလို့ ပြောလို့ရပါတယ်။
ဒါ့အပြင် စကပ်တိုလေးတွေက ပေ့ါပေါ့ပါးပါးရှိပြီး မိန်းကလေးတိုင်းနဲ့လိုက်သလို တစ်ထည်ရှိရုံနဲ့ အမျိုးမျိုးတွဲစပ်ပြီး ပုံစံပြောင်းသွားအောင် ဖန်တီးလို့ရတာမို့ ဂျင်းပြာစကပ်တိုလေး တစ်ထည်လောက်ရှိတာထားက လုံး၀ မမှားပါဘူး။
သင့်ခန္ဓာကိုယ်ကောက်ကြောင်းလေးကိုလည်း ပိုပြီးပေါ်လွင်စေတာမို့ ဝတ်ကြည့်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် ချစ်စရာကောင်းတဲ့ ဂျင်းပြာ စကပ်တို Outfit အတွဲအစပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ Baby Tee လေးတွေနဲ့တွဲဝတ်ပါမယ်။
ရင်ခံနဲ့ ဆွယ်တာအပါးလက်ရှည်လေးထပ်ထားတဲ့ Top လေးတွေနဲ့ တွဲဝတ်မယ်။
ပေါ့ပေါ့ပါးပါး Oversized တီရှပ်တွေနဲ့ ဝတ်ကြည့်ပါနော်။ စကပ်ထဲအင်္ကျီထည့်ဝတ်ရင်လည်း ခန္ဓာကိုယ်လေးပေါ်ပြီး လှသလို ထုတ်ဝတ်မယ်ဆိုရင်လည်း သူ့ပုံစံနဲ့သူ အထာကျနေမှာပါ။
Tank Top အဖြူ၊ Shirt အပြာနု (သို့) Tank Top အပြာ၊ Shirt အဖြူနဲ့ အရောင်နုနုလေးတွေ စပ်ထားသလို တွဲဝတ်ကြည့်ပါ။ အရောင်လေးလင်းပြီး ဓာတ်ပုံရိုက်လို့ လှပါတယ်။
Crop Top လေးတွေနဲ့ ချစ်စရာကောင်းအောင် တွဲဝတ်ကြည့်ပါ။
လူငယ်ဆန်ဆန် Hoodie လေးတွေနဲ့ တွဲဝတ်မယ်။
ဆွယ်တာလက်ပြတ်လေးတွေကလည်း ပေ့ါပေ့ါပါးပါးနဲ့ ချစ်စရာကောင်းတဲ့ အတို Outfit လေးတွေအတွက် ကွက်တိပါပဲ။
လက်ဖောင်းအင်္ကျီလေးတွေနဲ့ တွဲဝတ်မယ်ဆိုရင်လည်း အသက်မရွေးလိုက်ဖက်နေမှာပါ။
Boyfriend Shirt အပြာလေးနဲ့ စကပ်မှာထည့်ရင်း တွဲဝတ်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အထာကျနေပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar