ချစ်သူတွေကြား အချစ်တွေတိုးစေဖို့ အတူဆုံကြတဲ့အခါ ပျော်စရာကောင်းပြီး ထူးခြာတဲ့ ချိန်းတွေ့မှုလေးတွေဖြစ်စေဖို့ ဒါလေးတွေလုပ်ကြည့်ပါ၊ နှစ်ယောက်ကြား အမှတ်တရတွေများစေပြီး ပျော်စေမှာ အသေချာပါ ။

အသစ်ဖွင့်တဲ့ ကော်ဖီဆိုင်လေးတွေ ၊ စားသောက်ဆိုင်တွေဆီသွားပြီး အရသာအသစ် မီနူးအသစ်တွေကို အတူတူမြည်းစမ်းကြည့်ပါ။

နှစ်ယောက်အတူတူ ဟင်းချက်ကြည့်ပါ။ ဟင်းချက်နည်းအသစ်ကို စမ်းကြည့်တဲအခါ အရသာကောင်းမကောင်းတော့ မသေချာပေမယ့် ရယ်မောစရာတွေတော့ အများကြီးရနိုင်ပါတယ်။

နှစ်ယောက်အတူတူ ယူလာတဲ့အစားအသောက်တွေကို စောင်ပေါ်မှာ ဖြန့်ခင်းပြီး စားရတာလောက် ပျော်စရာ ပိုရင်ခုန်စရာကောင်းတာ မရှိပါဘူး။

စွန့်စားခန်းတစ်ခုလိုခံစားရစေဖို့ ချစ်ရတဲ့လူနဲ့အတူ တစ်နေ့တာခရီးထွက်ပါ။

ငြီးငွေ့စရာကောင်းတဲ့ ဈေးဝယ်တဲ့အလုပ်ကို ဈေးမှာ လက်ချင်းချိတ်ပြီး ပျော်စရာလှုပ်ရှားမှုအဖြစ် ပြောင်းလဲလိုက်ပါ။

အသစ်အဆန်းတွေကို စမ်းကြည့်ဖို့ Origami ခေါက်တာမျိုး ၊ Drawing လုပ်တာမျိုး အတူတူလုပ်ကြည့်ပါ။

ဓာတ်ပုံဟောင်းတွေကိုပြန်ကြည့်ရင်း ဆယ်ကျော်သက်နှစ်များအကြောင်း ပြန်ပြောကြည့်ပါ။

တခြားလူတွေကိုကူညီဖို့ အတူတူ စေတနာ့ဝန်ထမ်းလုပ်ကြည့်ပါ။